သတင်းကျွတ်လ အတွက် အကောင်းဆုံးယတြာနှင့် တစ်လစာ ဟောစာတမ်း


သတင်းကျွတ်လ အတွက် အကောင်းဆုံးယတြာနှင့် တစ်လစာ ဟောစာတမ်း

သတင်းကျွတ်လ အတွက် အကောင်းဆုံးယတြာနှင့် တစ်လစာ ဟောစာတမ်း


မြေဆီမီးခွက် ၏အလယ်ထဲတွင် “ဝ” အက္ခရာကို ဆော့ပင်ဖြင့်ရေးလိုက်ပါ။ထိုမြေခွက်ထဲ၌ နှမ်းဆီ(သို့)ထောပတ်ဆီ ဖြည့်ပြီး ဂွမ်းအနည်းငယ်ကို မီးစသဏ္ဍာန်ပြုလုပ်ကာ ဆီထည့်ထားသော မြေခွက်တွင် မီးစကို ထည့်နှစ်ပြီး


၎င်းမြေဆီမီးခွက်ကို ဆန်အပြည့်နီးပါးထည့်ထားသောပန်းကန်ပြားပေါ်တွင် တင်ထားပေးပါ။


ထို့နောက်ဆီမီးကိုထွန်းညှိ၍ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား‌ နေ့စဉ်ပူ‌ဇော်ပေး‌နေရပါမည်။


ယခုလတစ်လတာတွင် နှင်းဆီပန်းအနီ၄ပွင့် စီကို နေ့စဉ်မြတ်စွာဘုရားရှင်အား လှူပေးနေခြင်းဖြင့်လည်း မိမိအတွက်ထူးခြားမှူဖြစ်စဉ်များကောင်းကျိုးများစွာကို ရရှိခံစားရမည်ဖြစ်သည်။


ကံချေကန်တော့ခြင်းကို လုပ်ဆောင်ဖို့ရန် မမေ့ပါနှင့်။


နေ့စဉ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။


ဣတိပိသောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော=၁၇ခေါက်


ဣတိပိသောဘဂဝါ သုဂတော=၁၂ခေါက်


ဣတိပိသောဘဂဝါ သမ္မာသံဗုဒ္ဓေါ=၈ခေါက်


‌သီတင်းကျွတ်လနေ့စဉ်လာဘ်ပွင့်အရပ်မျက်နှာများ


တနင်္ဂနွေနေ့=မြောက်အရပ်


တနင်္လာနေ့=တောင်အရပ်


အင်္ဂါနေ့=အရှေ့အရပ်


ဗုဒ္ဓဟူးနေ့=အ‌နောက်အရပ်


ကြာသပတေးနေ့=အရှေ့အရပ်


သောကြာနေ့=မြောက်အရပ်


စနေနေ့=တောင်အရပ်


အထက်ပါအတိုင်းနေ့အလိုက်နေ့စဉ်အရပ်မျက်နှာမူ ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။


ဆုတောင်းစာ


“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး သီတင်းကျွတ်လတစ်လတာအတွင်းကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်‌၍ စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”


ယတြာလုပ်ဆောင်ရာ၌ အသုံးပြုခဲ့သော ဆန်များကို ငါးရက်လျှင် ပြန်လည်ချီးမြှင့်ပြီး ခိုစာ၊ငှက်စာအဖြစ်ကျွေး၍ ဒါနပြုပေးလိုက်ပါ


ဤယတြာအစီအရင်ကို ငါးရက်လျှင် တစ်ကြိမ်စီ အထက်ပါနည်းအတိုင်း သတိတရလေးနှင့် တိကျစွာပြန်လည်၍ ပြုလုပ်ပေးနေခြင်းဖြင့် သီတင်းကျွတ်လ အတွင်း ကံကောင်းခြင်းများ ရယူပိုင်ဆိုင်လိုက်ပါဗျ။


ဤယတြာကို သီတင်းကျွတ်လ တစ်လတာလုံး၌ မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။


ဤယတြာအစီအရင်သည် အလွန်အစွမ်းထက် ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက သီတင်းကျွတ်လ တစ်လတာလုံး အတွင်း၌ မိမိသည် အတိုက်အခိုက် အနှောင့်အယှက်များ ကင်းဝေးစေ၍ စီးပွား လာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။


ဆရာဦးမင်းနိုင် နှင့်တကွ သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာများကို အစဉ် လေးစားဦးခိုက်နေလျက်။


ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက် ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း


>