ကိုက်ညီတဲ့ ခန္ဓာကိုယ်အချိုးအစားရှိစေရေး ဝိတ်လျှော့ကြရန် မင်းအောင်လှိုင်…see more


ကိုက်ညီတဲ့ ခန္ဓာကိုယ်အချိုးအစားရှိစေရေး ဝိတ်လျှော့ကြရန် မင်းအောင်လှိုင်…see more

ကိုက်ညီတဲ့ ခန္ဓာကိုယ်အချိုးအစားရှိစေရေး ဝိတ်လျှော့ကြရန် မင်းအောင်လှိုင်…see more


အကြမ်းဖက်စစ်ကောင်စီမှာပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အရပ်အမောင်းနဲ့ ကိုက်ညီတဲ့ ခန္ဓာကိုယ်အချိုးအစားရှိစေရေး ဝိတ်လျှော့ကြရန် မင်းအောင်လှိုင်က ခိုင်းစေလိုက်တယ်လို့ သိရပါတယ်။


စက်တင်ဘာ ၃၀ ရက်နေ့ မှာ မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်ကို တိုင်း၊ ပြည်နယ်နဲ့ နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီမှာပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေဆီအားလုံးကို ပေးပို့ ညွှန်ကြားလိုက်တာလည်းဖြစ်ပါတယ်။


စစ်ကောင်စီက ခန့်အပ်ထားတဲ့သူတွေအနေနဲ့ အရပ်အမောင်းနဲ့ ကိုက်ညီတဲ့ ခန္ဓာကိုယ်အချိုးအစား ရှိမှသာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး သွားလာလှုပ်ရှားမှု ကောင်းမွန်မှာဖြစ်ကြောင်း၊


Body Mass Index-BMI ခန္ဓာကိုယ် အချိုးအစားနဲ့ အနီးအစပ်ဆုံး ဖြစ်ရေး ခန္ဓာကိုယ် အရပ်အမောင်းနဲ့ ကိုက်ညီတဲ့ အလေးချိန်ရှိစေရေး အလေးထား ဂရုပြု ဆောင်ရွက်သွားရမယ်လို့ မင်းအောင်လှိုင်က ညွှန်ကြားလိုက်တာဖြစ်ပါတယ်။


အကြမ်းဖက် မင်းအောင်လှိုင်ဟာ အစည်းအဝေးတွေမှာ သူတစ်ယောက်တည်း အဆုံးအစမရှိ ပြောချင်ချင်ရာ ပြောနေတတ်တာ၊ သူ့မိန်းမနဲ့ သူ ဘယ်လို ကြိုးစား ရုန်းကန်ခဲ့ပြီး ဒီနေရာကို ရောက်လာတယ်ဆိုတာမျိုး၊


သူ့မိန်းမဟာ အင်မတန်တော်သူဖြစ်ကြောင်း ၊ စတဲ့ ကိုယ်ရည်သွေးမှုတွေကို မကြာခဏ ပြောဆိုတတ်သလို စစ်ကောင်စီနဲ့ တိုင်းပြည်နယ်အဆင့်တွေမှာ ရှိနေတဲ့ ခန့်အပ်ခံ ပုဂ္ဂိုလ်တွေ ဝိတ်လျှော့ရမယ်ဆိုတဲ့ ခိုင်းစေမှုတွေ အထိ ညွှန်ကြား လာတာလည်းဖြစ်ပါတယ်။


ဓာတ်ပုံ- ရုပ်ပျက်နေသည့် မင်းအောင်လှိုင်နှင့် ဝိတ်အလွန်တက်နေသည့် ၀ဏ္ဏမောင်လွင်။


မင်းအောင်လှိုင်၏ ညွှန်ကြားစာတွင် လုံခြုံရေးကုတ်များ ပါဝင်နေသဖြင့် စာပြန်စီ ရိုက်နှိပ် ဖော်ပြထာသည်။


Khit Thit