လူအယောက် (၅၀၀) စာ အတွက် စတုဒီတာ လှူဒါန်းခဲ့တဲ့ ဗီဒီယိုလေးကို ပြန်လည် မျှဝေလာတဲ့ ခိုင်နှင်းဝေ


လူအယောက် (၅၀၀) စာ အတွက် စတုဒီတာ လှူဒါန်းခဲ့တဲ့ ဗီဒီယိုလေးကို ပြန်လည် မျှဝေလာတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ ပရဟိ တအလုပ်တွေကိုလုပ်ကိုင်ရင်း အနုပညာအလုပ်တွေကိုပါလုပ်ကိုင်နေတဲ့ ပရဟိတမင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေက လက်ရှိမှာလည်း ရင်သွေးလေးများဂေဟာကို ဦးစီးတည်ထောင်ထားသလို




အခြားသောပရဟိတအလုပ်တွေကိုလည်းလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။အခြေခံပြည်သူလူတန်း စားတွေရဲ့ လိုအပ်တာမှန်သမျှကို ကူညီဆောင်ရွက်ပေးနေတဲ့ ခိုင်နှင်းဝေက မိဘမဲ့ကလေးတွေကိုလည်း မိခင်ရင်းသဖွယ် စောင့် ရှောက်ပေးနေသူပါ ။




အမြဲလိုလို စားဝတ်နေရေးကျပ်တည်းနေတဲ့ သူတွေအတွက် သူတတ်နိုင်တာတွေ မကြာခဏလှူဒါန်းပေးနေခဲ့တဲ့ခိုင်နှင်းဝေကတော့ တကယ်လိုအပ်တဲ့နေရာတွေအပြင် ပကာသနတွေမပါဘဲ ကြည်နူးပျော်ရွှင်ဖွယ်ကောင်းတဲ့ အလှူတွေကို ပြုလုပ်နေတာကိုလည်း တွေ့ရပါတယ် ။




ယခုတခါမှာလည်း ထမင်းနဲ့ ဟင်းများကို လူအယောက် (၅၀၀) စာ စတုဒီတာ လှူဒါန်းခဲ့တဲ့ ဗီဒီယိုလေးနဲ့အတူ ” ထမင်း၊ကြက်သား အာလူး၊ သရက်ချဉ် လူ (၅၀၀) ကျော်စတုဒီသာ အလှူ..” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။



Photo Khine Hninn Wai


>