အင်ဒိုနီးရှားတွင် ဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွားမှုနှင့်အဓိကရုဏ်းကြောင့် လူပေါင်း ၁၂၉ ဦး‌ေ…see more


အင်ဒိုနီးရှားတွင် ဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွားမှုနှင့်အဓိကရုဏ်းကြောင့် လူပေါင်း ၁၂၉ ဦး‌ေ…see more

အင်ဒိုနီးရှားတွင် ဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွားမှုနှင့်အဓိကရုဏ်းကြောင့် လူပေါင်း ၁၂၉ ဦး‌ေ…see more


အင်ဒိုနီးရှားနိုင်ငံတွင် ဘောလုံးပွဲအတွင်း ခိုက်ရန်ဖြစ်ပွားမှုကို ရဲတပ်ဖွဲ့က ထိန်း သိမ်းရာမှ အကြမ်းဖက်မှု၊ အဓိကရုဏ်းနှင့်လူအုပ်ပြိုကျမှု ကသောင်းကနင်းဖြစ်မှုများကြောင့် လူပေါင်း ၁၂၉ ဦးသေဆုံးကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့၏ အဆိုအရ သိရှိရသည်။


အင်ဒိုနီးရှားနိုင်ငံ၊အရှေ့ဂျာဗားပြည်နယ်ရှိ Arema FC နှင့် Persebaya Surabaya တို့ ၏ပွဲစဉ်ကို စနေနေ့ညတွင် ယှဉ်ပြိုင်ကစားပြီးနောက် ရှုံးနိမ့်သည့် အသင်းမှ ထောက်ခံသူများသည် ကွင်းအတွင်းသို့ ၀င်ရောက်လာပြီး ခိုက်ရန်ဖြစ်သွားသဖြင့်


ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ထိန်းသိမ်းပစ်ခတ်ခဲ့ရာ အကြမ်းဖက်မှု၊ အဓိကရုဏ်း လူအုပ်ပြိုကျမှုနှင့် ကသောင်းကနင်းဖြစ်ပြီး လူပေါင်း ၁၂၉ ဦးသေဆုံးကာ ၁၈၀ ဦးဒဏ်ရာရရှိဥ East Java ရဲချုပ် Nico Afinta က ပြောကြားသည်။


Arema FC အသင်းနှင့် ပြိုင်ဘက် Persebaya Surabaya တို့ ယှဉ်ပြိုင်ကစားစဉ် အိမ်ရှင် Arema FC က ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်သွားပြီးနောက် အဓိကရုဏ်းနှင့် ခိုက်ရန်ဖြစ်ပွားမှုများဖြစ်ပေါ်လာခြင်းဖြစ်သည်။


“ပထမဆုံးအနေနဲ့ အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ စနေနေ့ အဖြစ် အပျက်ကနေ (ယခုအချိန်အထိ) ရဲအဖွဲ့ဝင် နှစ်ဦး အပါအဝင် လူ ၁၂၇ ဦး သေဆုံးခဲ့ပါတယ်။ ၃၄ ဦးက ကွင်းထဲမှာပဲ သေဆုံးခဲ့ပြီး ကျန်သူတွေကတော့ဆေးရုံမှာ သေဆုံးတာပါ” ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။


အားကစားကွင်းအတွင်းမှ ရိုက်ကူးထားသည့် ဗီဒီယိုများတွင် ဘောလုံးပွဲကြည့် ပရိသတ်များက ကွင်းထဲသို့ ဝင်ရောက်ကာ အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံဝတ်ထားသည့် အင်ဒိုနီးရှား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ခဲ့ကြောင်း၊


မျက်ရည်ယိုဗုံးများကို ရဲတပ်ဖွဲ့က ပစ်ခတ်ပြီးနောက် လူအုပ်ပြိုကျမှု၊ အကြမ်း ဖက်မှုများဖြစ်ပေါ်ပြီး အခြေအနေမှာ ထိန်းမနိုင် သိမ်းမရဖြင့် သေဆုံးမှုများရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


>