လက်ယက်ကုန်းစာသင်ကျောင်းတိုက်ခိုက်ခံရမှုကို ကမ္ဘာ့အလယ်မှာဖွင့်ချခဲ့တဲ့ သံအမတ်ကြီး… see more


လက်ယက်ကုန်းစာသင်ကျောင်းတိုက်ခိုက်ခံရမှုကို ကမ္ဘာ့အလယ်မှာဖွင့်ချခဲ့တဲ့ သံအမတ်ကြီး… see more

လက်ယက်ကုန်းစာသင်ကျောင်းမှ ကလေးများကို လေကြောင်းဖြင့် စစ်တပ်က တိုက်ခိုက်ပစ်သတ်မှု ချက်ချင်းအရေးယူရေး သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလအစည်းအဝေးတွင် မိန့်ခွန်းပြော တောင်းဆို


စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် စာသင်ကျောင်းမှ ကလေးများကို စစ်တပ်က လေ ကြောင်းဖြင့် တိုက်ခိုက်ပစ်သတ်မှုကို ကုလသ မဂ္ဂ နှင့်နိုင်ငံတကာက ချက်ချင်းအရေးယူရန် ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလအစည်းအဝေးတွင် မိန့်ခွန်းပြော တောင်းဆိုလိုက်သည်။


အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် စက်တင်ဘာလ ၃၀ ရက်နေ့ ကျင်း ပပြုလုပ်သော (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီ အစည်းအဝေးတွင် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးသည့် အစီအစဉ်၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက် ပါအတိုင်း မိန့်ခွန်းပြောဆိုခြင်းဖြစ်သည်။


စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာ ကလေးငယ် (၇) ဦးအပါအဝင် ပြည်သူစုစုပေါင်း (၁၃) ဦး သေဆုံးခဲ့ကြောင်း၊စစ်တပ်၏ သတ်ဖြတ်ခြင်းကိုခံရသည့် က‌လေးငယ်များ၏ မိဘများအနေဖြင့် မည်မျှ ဝမ်းနည်းကြေကွဲနေမည်ကို မတွေးဝံ့ကြောင်း သံအမတ်ကြီးက မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။


အသက် သေဆုံးခဲ့သည့် ကလေးငယ်များအနက် အသက်(၇)နှစ်မျှ ငယ် ရွယ်သော ကလေးငယ်ပင် ပါဝင်ကြောင်း၊ အဆိုပါတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုဖြစ်ကြောင်း၊ ယင်းအတွက် ချေပနိုင်ခြင်း မရှိသကဲ့သို့ ဆင်ခြေအကြောင်းပြချက်


စစ်တပ်၏ တိုက်ခိုက်မှုများ၊ လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများမှာ ပိုမိုဆိုးရွားလျက်ရှိသောကြောင့် ပြည်သူများ ရင်ဆိုင်နေရသည့်အခြေအနေများမှာ နေ့စဉ်နှင့်အမျှ ပိုမိုဆိုးရွားလျက်ရှိကြောင်း သံအမတ်ကြီးက ထောက်ပြထားသည်။


နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကူအညီမဲ့နေသည့် မြန်မာပြည်သူများ ၏ အကူအညီ တောင်းခံမှုကို ဥပေက္ခာမပြုသင့်တော့ကြောင်း၊ အကူအညီတောင်း နေသည့် အကူအညီမဲ့နေသော မြန်မာ ပြည်သူများ၏ အသံသည်ကျယ်လောင်၍ ရှင်းလင်းပြတ်သားကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂ


အပါအဝင် နိုင်ငံတကာအသိုက်အဝန်းအား မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို အကာ အကွယ် ပေးနိုင်မည့် လုပ်ဆောင်ချက်များကို တုံ့ဆိုင်းခြင်းမရှိဘဲ ဆုံးဖြတ်ချ မှတ် အချက်ချင်းအရေးယူဆောင်ရွက် ပေးရန် မြန်မာပြည်သူများကိုယ်စား ထပ်မံတောင်းဆိုလိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးတွင် မိန့်ခွန်းပြော တောင်းဆိုသည်။ Credit . Khit Thit Media