ကလေးလေးတွေဆို လက်တွေ၊ ခြေထောက်တွေက အပ စ်ခံထားရတော့ ဖွာ လန် ကျဲလို့ ဘာမှကို ရစရ


ကလေးလေးတွေဆို လက်တွေ၊ ခြေထောက်တွေက အပ စ်ခံထားရတော့ ဖွာ လန် ကျဲလို့ ဘာမှကို ရစရ

ကလေးလေးတွေဆို လက်တွေ၊ ခြေထောက်တွေက အပ စ်ခံထားရတော့ ဖွာ လန် ကျဲလို့ ဘာမှကို ရစရ


“ကလေးလေးတွေဆို လက်တွေ၊ ခြေထောက်တွေက အပစ်ခံထားရတော့ ဖွာလန်ကျဲလို့ ဘာမှကို ရစရာ မရှိတော့ဘူး။ အဲဒါကို သူတို့ မငိုရဲကြရှာဘူး။ သူတို့ငိုရင် စစ်သားတွေ ရိုက်မှာ ကြောက်ပြီးတော့ အံကြိတ်ခံကြရရှာတယ်။


မောင်ဖုန်းလေးလက်က လုံးဝကို ရစရာ မရှိ ဖွာလန်ကျဲပြီးရစရာကို မရှိတော့ဘူး။ အဲဒီအချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်ကို ကြည့် လိုက်တဲ့အခါမှာ ယောက်ျားလေးအင်္ဂါလုံးဝ မရှိတော့ဘူး”


ပုံမှန်အတိုင်း စာသင်နေတဲ့ လက်ယက်ကုန်းကျောင်းမှ ရဟတ်ယာဉ်သံစကြားရခြင်း


ကျွန်မတို့ ကျောင်းလေးက မူလတန်းနဲ့ အလယ်တန်းတွဲဖြင့်ထားတဲ့ ကျောင်းလေးပါ။ အလယ်တန်းက ကလေးတွေကို ၁၂ နာရီထိုးရင် စပြီးတော့ စာသင်ပါတယ်။ ၄ တန်းကနေ ၈ တန်းအထိ စာသင်တယ်။


ကျန်တဲ့ ကလေးလေးတွေက ၁ နာရီထိုးမှ စသင်တယ်။ အဲ့တော့ ၁ နာရီက ထိုးခါနီးနေပြီဆိုတော့ ကလေးတွေကလည်း အကုန်စုံစုံညီညီ ရောက်နေကြပါပြီ။ တချို့တလေပဲ မရောက်သေးတာ။


အဲဒီအချိန်မှာ ၁၂ နာရီ ၅၀ လောက်ရှိမယ် ကျောင်းထဲက ကျွန်မတို့ကို ကွန်ပျူတာပိုင်းဆိုင်ရာ အမြဲကူညီပေးနေတဲ့ ကိုအောင်ဇော်ထွေးရှိတယ်။


ကိုအောင်ဇော်ထွေးကနေ ကျွန်မဆီလာပြီးတော့ အစ်မရေ ဝေဟင်လို့ လာပြောတယ်။ လာပြောတဲ့အချိန်မှာပဲ အပေါ်ကို လှမ်းကြည့်လိုက်တော့ ဝေဟင်သံလည်း ကြားနေရတယ်။ သူတို့က မြောက်ထဲ မောင်းသွားတယ်။


အဲဒီ မြောက်ထဲကနေ တစ်ဖန်ပြန်ကွေ့လာတယ်။ ကျွန်မကလည်း ကိုအောင်ဇော်ထွေးကနေ ဝေဟင်လို့ ပြောလိုက်တဲ့ အချိန်မှာပဲ မူလတန်းကျောင်း ဆောင်ဘက်က ဆရာမတွေကို ကျွန်မ လှမ်းအော်တယ်။


ဆရာမတို့ရေ ဝေဟင်လို့ ကျွန်မ လှမ်းအော်တဲ့အခါကျတော့ ဆရာမတို့က ဆော့နေတဲ့ ကလေးတွေကို အကုန်လုံး အခန်းထဲကို ဝင်ခိုင်းတယ်။ တချို့ကလည်း အခန်းထဲဆော့နေတာ ။ တချို့ကလည်း အပြင်ဆော့နေတာ။


အဲ့လို ဆော့တဲ့အချိန်မှာ တချို့ ဘုရားကျောင်း ဆောင်ဘက် ရောက်နေတဲ့ ကလေးလေးတွေက သူတို့ မူလတန်းကျောင်းဆောင်ဘက်ရောက်ဖို့ရာ ပြေးကြတယ်။ ပြေးတဲ့ အချိန်မှာ မပြေးတော့နဲ့ ကလေးတို့ သားတို့လာ ဆရာမဆီလာဆိုပြီး ကလေးတွေကို ကျွန်မအတန်းဆီ ခေါ်ထားလိုက်တယ်။


ခေါ်ထားပြီးတော့ ကျွန်မတို့ အထဲထဲ ဝင်လိုက်တယ်။ ခါတိုင်းလည်း ခဏခဏ ဝေဟင်တွေက လာနေကျ ကျွန်မတို့နား ဖြတ်နေကျ။ ဒီလောက်အထိ ကျွန်မတို့အပေါ်အညှိုးကြီးကြီးနဲ့ ရက်ရက်စက်စက်လုပ်လိမ့်မယ်လို့လည်း မထင်ဘူး။


ကျွန်မတို့က သူတို့ကို ဘာမှ လုပ်နေတဲ့ လူတွေလည်း မဟုတ်ဘူးလေ ။ ကျွန်မတို့က ကလေးတွေပဲ ရှိတဲ့ဟာ။ အဲဒါနဲ့ ကျွန်မတို့ အထဲထဲကို ဝင်လိုက်တယ်။


>