တပ်မတော်က ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေ ထိ ခိုက်မှုမရှိအောင် ဆောင်ရွက်နေသတဲ့လား ???


တပ်မတော်က ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေ ထိ ခိုက်မှုမရှိအောင် ဆောင်ရွက်နေသတဲ့လား ???

တပ်မတော်က ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေ ထိ ခိုက်မှုမရှိအောင် ဆောင်ရွက်နေသတဲ့လား


ပြည်သူတွေရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ထိခိုက်မှုမရှိစေရေး တပ်မတော်က ထိန်းသိမ်း ဆောင်ရွက်နေပါတယ်လို့ အာဏာသိမ်းစစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလာပါတယ်။


စက်တင်ဘာ ၂၇ရက်မနေ့ကကျင်းပခဲ့ကြတဲ့ စစ်ကောင်စီအစည်းအဝေးမှာ တက်ရောက်လာကြတဲ့သူ့အဖွဲ့ဝင်တွေကို မိန့်ခွန်းပြောဆိုစဥ် အထက်ပါအတိုင်း​ပြောဆိုခဲ့တာဖြစ်ပါတယ်။


အဲဒီအစည်း​အဝေးမှာပြောဆိုခဲ့တဲ့ စစ်ကောင်စီဥက္ကထောင်ပေါင်းများစွာသောစကားလုံးတွေထဲ​ “လုံခြုံရေးနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်စေရေးတတ်နိုင်သမျှ ထိန်း သိမ်းဆောင်ရွက်လျက်ရှိကြောင်း၊


ပြည်သူများ၏ အ သက်၊ အိုးအိမ်၊ စည်းစိမ်များထိခိုက်မှုမရှိစေရေး တပ်မ တော်မှ ထိန်းသိမ်းဆောင်ရွက်နေခဖြစ်ကြောင်း၊ တပ် မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက်ခိုင်မာသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊


လက်တွေ့နယ်ပယ် ၌ PDF များနှင့် ဆက်နွယ်နေသည့် EAO အဖွဲ့များတွင် ထိ ခိုက်မှုများ များပြားလျက်ရှိကြောင်စတဲ့အချက်တွေထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။


ဒီလိုပြောဆိုခဲ့တဲ့ ရက်မတိုင်မီ အခုလ ၁၆ရက်၊ နေ့လည် ၁နာရီက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှာဖွင့်လှစ်ထားတဲ့ စာသင် ကျောင်းကို စစ်ကောင်စီအဖွဲ့တွေက ဝေဟင်ကနေ လက် နက်ကြီး


လက်နက်ငယ်တွေနဲ့ ၁ နာရီနီးပါးကြာ ရည်ရွယ်ရှိရှိနဲ့တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ပါတယ်။ ကိုယ်တိုင် ကြုံ တွေ့ခံစားခဲ့ရတဲ့ ဆရာမတဦးရဲ့ ပြန်လောင်းပြောဆိုမှုကို နားထောင်လိုက်ရချိန် နားထောင်သူတွေရဲ့စိတ်ထဲခံပြင်းမှုတွေက ထပ်တူကျနေမယ်လို့ ထင်ပါတယ်။


ဒီလိုတိုက်ခိုက်မှုကြောင့် အဲဒီကျောင်းမှာ စာသင်ကြားနေတဲ့ အသက် ၇နှစ်အရွယ်ကလေးငယ်အပါအဝင် ၁၃ဦးသေဆုံးကာ ၁၂ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါတယ်။


ဒါကတော့ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ အနီးစပ်ဆုံးရာဇဝတ်မှုတခုပါပဲ။ ဒါကိုတောင်မျက်ကွယ်ပြုပြီး ပြည်သူတွေရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ထိခိုက်မှုမရှိစေရေး တပ်မတော်က ထိန်းသိမ်းဆောင်ရွက်နေပါတယ်လို့ပြောဆိုနိုင်တဲ့ စစ်ခေါင်းဆောင်ရဲ့စကားဟာ ဘောက်ဆတ်ဆတ် နိုင်နေပါတယ်။


ဒီနှစ်ဧပြီကနေဇွန်လအတွင်းမှာလည်း စစ်ကောင်စီအဖွဲ့တွေဟာ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာ အရပ်သားပြည်သူ ၃၀ခန့်ကို လက်ပြန်ကြိုးတွေတုပ်ပြီး အစုအလိုက်အပြုံ လိုက်သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင် တင်းတင်းကျွန်းလွန်ခဲ့ကြတဲ့ အချက်အလက်တွေဟာလည်း ပျံ့နှံ့ထားတာ မကြာသေးပါဘူး။


ဒါ့အပြင် စစ်ကောင်စီအဖွဲ့တွေက မကြာခဏဆိုသ လို အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ကျေးရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူတွေကလေးငယ်တွေထိခိုက်သေဆုံးတာတွေဟာ စစ်ကောင်စီအဖွဲ့ကျူးလွန်နေကြတဲ့ ငြင်းမရတဲ့မြောက်များစွာသော ကျူးလွန်မှုသက်သေတွေပါပဲ။


စကားတွေဖောင်ဖွဲ့ပြီး စကားကြောရှည်စွာပြောဆိုတတ်ယုံကလွဲလို့ ရှေ့နောက်ညီညွတ်မှုမရှိတော့တဲ့ စစ်ခေါင်း ဆောင်ရဲ့စကားတွေကိုကြည့်ရင်သူဟာသွေးပျက်ခြောက် ခြားနေတာ မြင်တွေ့ရပါတယ်။


အဏာတည်မြဲရေးအ တွက် ဘာမဆိုထပ်မံကျူးလွန်ဖို့ ဝန်မလေးတဲ့ စစ်ခေါင်း ဆောင်ရဲ့အကြောက်တရားဟာ ကြောက်ကန် ကန်ပြီးအ ဆိုးဆုံးအခြေအနေကို ရောက်ရှိနေပါပြီ။


ပြောဆိုလိုက်တိုင်း အခြေခံဥပဒေပါပြဌာန်းချက်တွေကိုးကားလေ့ရှိတဲ့ သူ့ဖြစ်အင်ဟာ အရှက်ကင်းမဲ့စွာလိမ်လည်နေသူတဦးအဖြစ်ပေါ်လွင်နေပါတယ်။ အခြေခံဥပဒေအ ရ အာဏာထိန်းရပါတယ်။


အကြမ်း ဖက်ဆူပူသောင်း ကျန်းလို့ ထိန်းသိမ်းဆောင်ရွက်ရပါတယ်။ တိုင်းပြည်တည်ငြိမ်စပြုနေပါပြီ၊ စီးပွားရေးကောင်းမွန်းနေပါပြီ၊ နေ ရာအများစုကို အုပ်ချုပ်ထိန်းချုပ်ထားနိုင်ပါပြီလို့ မကြာခ ဏပြောဆိုလေ့ရှိပေမယ့် သူ့စကားတွေဟာ မြေပြင်အခြေအနေနဲ့ ကင်းကွာနေစမြ​ပဲပါ။


သူဒီလိုလိမ်လည်ပြောဆိုနေတာဟာ သူတို့ကျရှုံးခန်းဝင် နေတဲ့ သတင်းမှန်တွေကို သူ့အဖွဲ့သားတွေ မသိရှိစေဖို့နဲ့ သူ့အစုအဖွဲ့မပြိုကွဲဖို့အတွက် ရည်ရွယ်နေတာပါ။


စစ် မျက်နှာ အသီးသီးမှာ စစ်ပန်း၊ ကျရှုံးမှုတွေများနေတဲ့ သူ့နောက်လိုက်တွေကလည်း ဦးနှောက်တွေ ထုတ်ခံထားရတော့ အသိတရားရရှိဖို့ ဝေးနေသူတွေလည်း များစွာရှိနေပါသေးတယ်။


စစ်သည်တော်ကျင့်ဝတ်တွေ သစ္စာဓိဋ္ဌာန်တွေရွတ်ဆိုခဲ့တာများခဲ့လို့များ ခုအချိန် သစ္စာတွေဆူးနေကြတာ သ တင်းတွေထဲ မြင်တွေ့နေကြရတယ်မဟုတ်လား။ အ ဆောင်လက်ပတ်နဲ့မြောင်းထဲခေါင်းစိုက်သေနေတာ၊ ဘု ရားပုံအိတ်ကပ်ထဲထည့်ပြီး သွေးအိုင်ထဲလဲ ကျနေတာ၊ တရားစာအုပ်ဆောင်ပြီး ဖမ်းဆီးခံထားရတာတွေဟာ တကယ့်မြေပြင်မှာကျရှုံးနေတဲ့ သူ့နောက်လိုက်တွေရဲ့ဖြစ်အင်ပါ။


ပြန်ဆက်ရရင်တော့ စစ်ခေါင်းဆောင်မင်းအောင် လှိုင်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ထဲမှာ အညံ့ဆုံးစစ်ခေါင်းဆောင်ပါ။ ဒါပေမယ့် သူဟာအခြားစစ်ခေါင်း ဆောင်တွေထပ် သာတာတခုတော့ရှိပါတယ်။


အဲဒါဘာလည်းဆိုတော့ အောက်ကရေးပေးတာလား သူကိုယ်တိုင်စဥ်းစားတွေးခေါ်ပြီးပြောတာလားမသိတဲ့ အ လိမ်အညာစကားပေါင်းများစွာကို မကြာခဏဆိုသလို ရေပတ်မဝင်အောင် ယုတ္တိတန်မှုမရှိဘဲ ပြောဆိုနိုင်စွမ်းပဲဖြစ်ပါတယ်။