ကလေးများရှိနေတဲ့ စာသင်ကျောင်းကိုလက်နက်ကြီး ၊ ရဟတ်ယာဉ်များဖြင့် ပ စ်ခ တ်ခြင်း


ကလေးများရှိနေတဲ့ စာသင်ကျောင်းကိုလက်နက်ကြီး ၊ ရဟတ်ယာဉ်များဖြင့် ပ စ်ခ တ်ခြင်း

ကျောင်းထဲ ဝင်လိုက်တဲ့ အချိန်မှာ လက်နက်ကြီးနဲ့ စပစ်တာ။ စပစ်တဲ့အခါ ဆရာကနေ အစ်မရေ ပစ်ပြီတဲ့ ကျွန်မဘေးက ဆရာက။ ကျွန်မလည်း ဟော့တော် ဟုတ်ရဲ့လား ဆိုပြီး ကလေးတွေကို ကုတင်အောက်ဝင် ကုတင်အောက်ဝင်ဆိုပြီး ။


ကျွန်မတို့ ကျောင်းက ရှေးကျောင်းဆောင်ကြီးဖြစ်တဲ့ အတွက်ကြောင့် ကုတင်အကြီးကြီးတွေ တအားပေါတာ။ အဲဒါကြောင့် ကုတင်အကြီးကြီးတွေ အောက်ကို ဝင်ခိုင်းတယ်။


ဝင်ခိုင်းတဲ့အချိန်မှာ ကလေးတော်တော်များများ ရောက်နေတဲ့အချိန် ကျွန်မနဲ့ ဆရာလောက်ပဲ နောက်ရောက်နေတယ်။ ကုတင်အောက် မရောက်သေးဘူး။ အဲဒီအချိန် ဆရာ့ကို ပေါင် အရင် ဝင်မှန်တယ်။


ဆရာကနေ အစ်မရေ ကျွန်တော်တော့ ထိပြီဆိုပြီး ဆရာက သူ့ ပေါင်အရင်းကို ကြည့်လိုက်တဲ့အခါ သွေးတွေက ထောင်ပန်းနေတယ်။ အဲ့တော့ ဆရာ မဖြစ်တော့ဘူး ကုတင်အောက် ရောက်အောင် သွားပါ။ ကလေးတွေကို ကျွန်မ တာဝန်ထားဆိုပြီး ကလေးတွေကို ကုတင်အောက်ကို တအား သွပ်ထားတယ်။


ကလေးငယ်များကို စစ်တပ်က သတ်ဖြတ်ခြင်း