က​လေး​ငယ်လေးတွေ လူငယ်​တွေရဲ့အသက်​တွေကို နောက်ထပ်မဆုံးရှုံးချင်​တော့ဘူးဆိုတဲ့ ချစ်သုဝေ


က​လေး​ငယ်လေးတွေ လူငယ်​တွေရဲ့အသက်​တွေကို နောက်ထပ်မဆုံးရှုံးချင်​တော့ဘူးဆိုတဲ့ ချစ်သုဝေ

ချစ်သုဝေ ဟာ အဆိုတော်လင်းလင်း နဲ့ အိမ်ထောင်ကျပြီး အမြွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ် ကို မွေးဖွားထားသူတစ်ယောက် ဖြစ်ပါတယ်။


စိတ်ပျိုလို့ ကိုယ်နုတဲ့ ချစ်သုဝေက အသက် (၃၇) နှစ်ရောက်သည့်တိုင် လူငယ်လေးလို လန်းဆန်းလှပနေဆဲပါ။ချစ်သုဝေ ကတော့ အမှန်တရားကိုချစ်မြတ်နိုးပြီး ပြည်သူတွေဘက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးထဲမှာ အပါအဝင်ဖြစ်ပါတယ်။


ပုဒ်မ ၅၀၅ က နဲ့တရားဆွဲဆိုခံရထားပေမယ့် တိမ်းရှောင်ရင်း အမှန်တရားအတွက် ဆက်လက်လုပ်ကိုင်နေဆဲပါပဲနော်။ချစ်သုဝေ ဟာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို နည်းမျိုးစုံနဲ့အကူအညီပေးနိုင်အောင် ဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။


သရုပ်ဆောင် ချစ်သုဝေ ကတော့ က​လေး​ငယ်လေးတွေ လူငယ်​တွေရဲ့အသက်​တွေကို နောက်ထပ်မဆုံးရှုံးချင်​တော့လို့ တော်လှန်ရေးကို အမြန်အောင်ချင်နေပါပြီလို့ ရင်ဖွင့်လိုက်ပါတယ်။


“ရှင်ကျန်သူမှန်သမျှမှာရှိ​နေ​တော့မယ့်စိတ်အနာ​တွေပဲ”..ဒါ​ကြောင့် အမြန်ကို​​အောင်မြင်ပြီး​မြောက်ချင်ပြီ.. ဘယ်က​လေး​တွေလူငယ်​တွေအသက်​တွေမှလည်းထပ်မဆုံးရှုံးချင်​တော့ဘူး..


ဘယ်ဘဝ​တွေကိုမှလည်း ထပ်မ​​ပျောက်ဆုံးစေချင်​တော့ဘူး..ပြည်တွင်းမှာလည်းဖိနှိပ်မှူမျိုးစုံနဲ့မို့ ပြည်ပကို​ရောက်​နေကြတဲ့မြန်မာပြည်သူတိုင်းပခုံးထက်မှာ ဝန်​တွေပိုလာကြပြီ..ပိုလည်းထမ်းရမှာပဲ​လေ​နော်..”လို့ ချစ်သုဝေ ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။