သင်္ဘောသားများအားလုံးပြည်တွင်းကိုလစာငွေ (အပြည့်အ၀) ပြန်မလွဲရင်သင်္ဘောလိုက်ခွင့်ပါ ပိတ်ပင်မယ်လို့ စစ်ကောင်စီထုတ်ပြန်… see more


သင်္ဘောသားများအားလုံးပြည်တွင်းကိုလစာငွေ (အပြည့်အ၀) ပြန်မလွဲရင်သင်္ဘောလိုက်ခွင့်ပါ ပိတ်ပင်မယ်လို့ စစ်ကောင်စီထုတ်ပြန်… see more

မင်းအောင်လှိုင်ညွှန်ကြားချက်အရ သင်္ဘောသားများအားလုံး၏ လစာများ အပြည့်အ၀ မြန်မာနိုင်ငံအတွင်းသို့ ပြန်လွှဲရမည်ဖြစ်ပြီး လစာအပြည့် ပြန်မလွှဲသော သင်္ဘောသားများကို သင်္ဘောလိုက်ခွင့် ကန့်သတ်ရန်ရှိဟုဆို


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ညွှန်ကြားချက်အရ သင်္ဘောသား လစာများအားလုံး အပြည့်အ၀ မြန်မာ နိုင်ငံအတွင်းသို့ ပြန်လွှဲရမည်ဖြစ်ပြီး လစာအပြည့် ပြန်မလွှဲသော သင်္ဘောသားများကို သင်္ဘောလိုက်ခွင့်များ ကန့် သတ်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။


“ပြည်ပရောက် အလုပ်သမားတွေရဲ့ လစာနဲ့ သင်္ဘောသားတွေရဲ့ လစာတွေ ပြည် တွင်းကို အကုန် ပြန်ဝင်လာဖို့ အထက် က သေချာလုပ်ရမယ်ဆိုပြီး ညွှန်ကြားချက်တွေ ထွက်လာပါတယ်။ နစက ဥက္ကဋ္ဌ ကိုယ်တိုင် ညွှန်ကြားတာ။ အခုအဲဒါကို လုပ်နေကြပြီ။ သင်္ဘောသားလစာတွေကိုလည်း ပြည်ပ ဒေါ်လာဝင်ငွေ အရင်းအမြစ်အဖြစ် ပြန်ဝင်လာအောင် လုပ်တာပါ” ဟု သတင်းရင်းမြစ်က ပြောသည်။


သင်္ဘောသားများအနေဖြင့် လစာ အပြည့်အ၀ ပြန်လည် မလွှဲပါက သင်္ဘောသားလုပ်သက်မှတ်တမ်း CDC ၊ သင်္ဘော သား မြန်မာနိုင်ငံကူး လက်မှတ် (သင်္ဘော သားပတ်စ်ပို့) များကို ထိန်းချုပ်ကန့်သတ်မှုများ လုပ်ဆောင်ရန် ရှိနေကြောင်း၊ သင်္ဘောသားများကို လစာ ပြည်တွင်းသို့ ပြန်လွှဲပါမည်ဆိုသော ခံဝန်ချက်များ လက်မှတ်ရေးထိုးခိုင်းရန် လည်းရှိနေကြောင်း သိရှိရသည်။


“သင်္ဘောသားအလုပ်အကိုင်ကတော့ စစ်ကောင်စီရဲ့ခွင့်ပြုချက် ထိန်းချုပ်မှုအောက် မှာ အပြည့်ရှိတယ်။ ဌာနအနေနဲ့ပြောရင်တော့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ သင်္ဘောသားဌာနခွဲ က ထိန်းချုပ်ထားတာ။ CDC တို့နိုင်ငံကူးလက်မှတ်တို့ဆိုတာက သူတို့ ထုတ်မပေးရင် မရဘူး။


နောက်ပြီး အခြား အရာရှိလက်မှတ်တွေ၊ အခြေခံ 4 Tickets လို လက်မှတ် တွေကလည်း ဝန်ကြီးဌာနဘက်က ထုတ်ပေးတာဆိုတော့ ကန့်သတ်ချက်တွေ လုပ်ရင်တော့သင်္ဘောသားတွေက လစာအကုန်ပြန်လွှဲကြရမှာပဲ” ဟု ဝါရင့်သင်္ဘောသားတစ်ဦးက ပြောသည်။


လက်ရှိတွင် သင်္ဘောသားများအားလုံးကို လစာများ ပြည်တွင်းသို့ ပြန်လည် လွှဲခိုင်းနေပြီး မဖြစ်မနေ လွှဲပြောင်းရန် ဖိအားပေးနေကြောင်း သိရှိရသည်။


” စကစလက်ထက်မှာ တချို့သင်္ဘောသားတွေက လစာတွေကို နိုင်ငံခြားဘဏ်အကောင့်ထဲထည့်သိမ်းထားတာမျိုးရှိတယ်။ အဲဒါကို မဖြစ်မနေ ပြန်လွှဲခိုင်းတယ်။ ဒေါ်လာ၁ထောင်၂ထောင်လောက်လွဲမယ်ပြောတာမရဘူး။ လစာအပြည့် ဒေါ်လာ ၉၀၀၀၊ ၁ သောင်း ပြန်လွှဲခိုင်းတယ်။ အခုတော့ မဖြစ်မနေ လွှဲရမယ်ဆိုတာမျိုးလုပ်လာတယ်။ စစ်တပ်က လက်နက်ဝယ်ဖို့ ဒေါ်လာလိုနေတာလားမသိဘူး” ဟု ပြည်ပသင်္ဘောလိုင်းဝန်ဆောင်မှုနှင့်ဆက်နွယ်သူတစ်ဦးက ဆိုသည်။


ပြည်တွင်း ပုဂ္ဂလိက ဘဏ်များကလည်း သင်္ဘောသားလစာများကို တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၀၀ ပေးမည်ဖြစ်ကြောင်း ကြော်ငြာမှုများ တရားဝင် လုပ်ဆောင်ပြီး ငွေလွှဲကြရန် တိုက်တွန်းမှုများ လုပ်ဆောင်နေကြသည်။


လက်ရှိ မြန်မာနိုင်ငံတွင် ပင်လယ်ကူးသင်္ဘောသား ၇ သောင်းဝန်းကျင်ရှိပြီး သင်္ဘောသား ၂ သောင်းနှင့် ၃ သောင်းအကြားမှာ ပြည်ပသင်္ဘောများတွင် အလုပ် လုပ်ကိုင်လျက်ရှိသဖြင့် အနည်းဆုံး လစဉ် ဒေါ်လာ သန်း ၃၀ ထက်မနည်း ပြည်တွင်းသို့ ပြန်လည် ပို့ဆောင်စီးဝင်ကြောင်း ဝါရင့်သင်္ဘောသားများသတင်းရပ်ကွက်က ခန့်မှန်းပြောဆိုသည်။