မျက်နှာကို ခေါင်းအုံးစွပ်အနေနဲ့ စတစ်ကာထုတ်ရတဲ့အထိကို ထိုင်းအမျိုးသမီးထုကြီးကြားမှာရေပန်းစားလာတဲ့ တော်လှန်ရေးမင်းသားချော ဒေါင်း


မျက်နှာကို ခေါင်းအုံးစွပ်အနေနဲ့ စတစ်ကာထုတ်ရတဲ့အထိကို ထိုင်းအမျိုးသမီးထုကြီးကြားမှာရေပန်းစားလာတဲ့ တော်လှန်ရေးမင်းသားချော ဒေါင်း

တည်ကြည်ခန့်ညားပြီး ယောကျာ်းပီသကာ ချောမောတဲ့ ရုပ်ရည်သွင်ပြင် ၊ စူးရှရှအကြည့်တွေကြောင့် မြန်မာအမျိုးသမီးထုကြီးရဲ့ အသည်းကျော်ပဲလှော်လေးဖြစ်နေရသူကတော့ မင်းသားချောလေး ဒေါင်း ပဲ ဖြစ်ပါတယ်။


ဒေါင်း ဟာ သူ့ရဲ့အကြည့်စူးရှရှ ၊ အပြုံးချိုချိုတွေနဲ့ မြန်မာအမျိုးသမီးထုကြီး ရဲ့ အသည်းနှလုံးတွေကို ခြွေချရုံနဲ့တင်အားမရလို့ ထိုင်း အမျိုးသမီးထုကြီးရဲ့ အသည်းနှလုံးတွေကို ပါ ခြွေချနိုင်ခဲ့တယ် ထင်ပါတယ်။ ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်လမ်းထွက်ရှိလာပြီးတည်းက ဒေါင်း ကို ထိုင်းအမျိုးသမီးထုကြီးက စတင်သတိထားမိသွားခဲ့ကြပါတယ်။


လတ်တလောမှာဆိုရင်တော့ ထိုင်းနိုင်ငံ အမျိုးသမီးထုကြီးက ဒေါင်းမှဒေါင်းအသည်းစွဲဖြစ်နေကြပြီး ခေါင်းအုံးစွပ်အနေနဲ့ပါ စတစ်ကာထုတ်ပြီးကပ်ရတဲ့အထိကို နာမည်ကျော်ကြားလူကြိုက်များနေပြီပဲဖြစ်ပါတယ်။


ဒီ့ထက်မက ပိုမိုအောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါစေလို့လည်း ဆုတောင်းရင်း ဒေါင်း ရဲ့ ခန့်ညားတဲ့ ပုံရိပ်တွေကို ဂုဏ်ယူစွာ ဖော်ပြလိုက်ရပါတယ်။ Credit


>