ကိုယ်တိုင် ကိုဗစ် ကူးစက်ခံလိုက် ရတာမို့ သတိထားကြဖို့ ပရိသတ်တွေကို ပြောပြလာခဲ့တဲ့ နန်းသူဇာ


ကိုယ်တိုင် ကိုဗစ် ကူးစက်ခံလိုက် ရတာမို့ သတိထားကြဖို့ ပရိသတ်တွေကို ပြောပြလာခဲ့တဲ့ နန်းသူဇာ

ပရိသတ်ကြီးရေ နန်းသူဇာကတော့ မော်ဒယ်လ် မင်းသမီးတစ်လက်အနေနဲ့ ပရိ သတ်တွေရဲ့ အရှေ့ကို စတင်ရောက်ရှိခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ နောက် ပိုင်းမှာတော့ အဆိုတော်အနေနဲ့ သီချင်းတွေလည်း သီဆိုခဲ့ပြီး သရုပ် ဆောင်အနေနဲ့လည်း အနုပညာလောကမှာရပ်တည်နေခဲ့ပါတယ်။


လတ်တလောမှာတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ နန်းသူဇာကတော့ ကိုဗစ်ကူးစက်ခံလိုက်ရတယ်လို့ သိရှိပါတယ်။ နန်းသူဇာကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း “Covid တွေပြန်ဖြစ်နေကြပါပြီနော်။ ကိုယ်တိုင်လဲ Positive ပါ။ Mask လဲတပ်ပါတယ် ဘယ်လိုကူးမှန်းမသိ ပေါ့သေးသေးမထင်နဲ့နော်။


လည်ချောင်းအရမ်းနာတယ် နှာပိတ်တယ်။အလုပ်တွေလဲပျက်ရတယ် ” ဆိုပြီး သူကတော့ ဂရုစိုက်နေတဲ့ကြားကနေကူးစက်ခံလိုက်ရပြီဖြစ်ပြီး ပရိသတ်တွေကိုလည်း ဂရုစိုက်ကြဖို့ သတိပေးထားခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ နန်းသူဇာအတွက်အားပေးစကားလေးတွေပြောပြီး ပရိသတ်တွေလည်း ကျန်းမာရေးဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။




Source – Nann Thuzar

Credit – CeleZone