မင်းအောင်လှိုင်ကို နိုင်ငံတကာက ဖမ်းဆီးအရေးယူရန် လက်ယက်ကုန်းကျောင်း ဆရာမ…see more


မင်းအောင်လှိုင်ကို နိုင်ငံတကာက ဖမ်းဆီးအရေးယူရန် လက်ယက်ကုန်းကျောင်း ဆရာမ…see more

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကစာသင်ကျောင်းကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်မှုကြောင့် ကလေးငယ်များ သေဆုံးမှုတွင် အဓိကတရားခံဖြစ်သည့်


အကြမ်းဖက်စစ်အာဏာရှင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုကို နိုင်ငံတကာက ဖမ်းဆီးအရေးယူပေးကြရန် လက်ယက်ကုန်းကျောင်းဆရာမ ဒေါ်အေးမာက တောင်းဆိုလိုက်သည်။


စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြိုနယ်၊ လက်ယက်ကုန်းကျေးရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး စက်တင်ဘာ ၂၆ ရက်က ကျင်းပသည့် သတင်းစာရှင်းပွဲအတွင်း ယင်းဖြစ်စဉ်၏ မျက်မြင်သက်သေအဖြစ်တက်ရောက်ခဲ့သည့် ဆရာမဒေါ်အေးမာက တောင်းဆို လိုက်ခြင်း ဖြစ်သည်။


နိုင်ငံတကာအနေဖြင့် NUG ကို အစိုးရအဖြစ်အသိမှတ်ပြုပြီး စစ်ခေါင်းဆောင်များကို မြန်မြန်ဖမ်းဆီးပြီး ဥပဒေရှေ့ မှောက်ကို ပို့ပေးကြရန်တောင်းဆိုကြောင်း၊


ရာဇဝတ်ဘေးပြေးမလွတ်ဆိုသည့် စကားသည် မင်းအောင်လှိုင်နှင့် စစ် အုပ်စုအတွက် မဟုတ်ဘူးလာဟု မေးချင်ကြောင်း၊ရာဇဝတ်မှုများ ကျူး လွန်နေသော်လည်း လွတ်မြောက်နေ သည့် အတွက်


ဇရာဝတ်မှုကျူးလွန်နေသည်ဟု ထင်မည်မဟုတ်ကြောင်း ယင်းကြောင့် ရာဇဝတ်ဘေးပြေးမလွတ် ဆိုသည့် စကားသည် မင်းအောင်လှိုင်တို့စစ်အုပ်စု အတွက်ဖြစ်ကြောင်း နိုင်ငံတကာမှသက်သေပြသစေလိုသည်ဟု ဆရာမ ဒေါ်အေးမာကပြောသည်။


ယင်းအပြင် စစ်အာဏာရှင် မြန်မြန်ချုပ်ငြိမ်းမှ မြန်မာနိုင်ငံကြီးအေးချမ်းမှာဖြစ်ကြောင်း စစ်အာ ဏာရှင် မချုပ် ငြိမ်း သရွှေ့ မြန်မာနိုင်ငံကို မည်သည့်ရုပ်ဝတ္ထုများပံ့ပေးစေကာမူ


နောက်ဆုံးရုပ်ဝတ္ထုများကို ပစ်ပြီး ပြေးကြရ မှာဖြစ်ကြောင်း၊မြန်မာနိုင်ငံကို ကမ္ဘာကြီးကမေ့မထားဘဲ တရားမျှတမှုကို မြန်မြန် ရအောင်လုပ်ပေး ကြရန် တိုက်တွန်းကြောင်း ဆရာမ ဒေါ်အေးမာကဆိုသည်။


လက်ယက်ကုန်းဖြစ်စဉ် ဖြစ်ပြီးကတည်းက NUG အနေဖြင့် ချက်ခြင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ကုလသမဂ္ဂ၏ ပဋိပက္ခအတွင်း ကလေး သူငယ်များကာကွယ်ရေးဆိုင်ရာမဟာမင်းကြီး ကိုဆက်သွယ်ခဲ့ကြောင်း၊


မြန်မာနိုင်ငံ ၏ အထူးကိုယ်စားလှယ်ဒေါက်တာ နိုလင်းကိုလည်းဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း ယင်းသတင်း စာရှင်းလင်း ပွဲတွင် NUG တာဝန်ရှိဝန်ကြီးများက ရှင်းပြသည်။


ဖြစ်စဉ်နှင့်ပတ်သက်သည့် အချက်အလက်များကိုပေးပို့ခဲ့ရာ ၎င်းတို့အနေဖြင့်လည်း ယင်းကိစ္စကိုအမြန်ဆုံး ဖြေရှင်းဆောင်ရွက်ရန်ကြိုးစားမည်ဟု အကြောင်းပြန်လာခဲ့ကြောင်း NUG ကပြောသည်။


အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ NUG အနေဖြင့် တရားမျှတမှုရရန် အစွမ်းကုန်ကြိုးစားနေကြောင်း ပြည်တွင်းပြည်ပမှာပါ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ပြောဆိုသည်။


စက်တင်ဘာ ၁၆ ရက်နေ့က လက်ယက်ကုန်းဘုန်းတော်ကြီးစာသင်ကျောင်းကို အကြမ်း ဖက်စစ်တပ်မှ လေကြောင်းသာမက မြေပြင်ကပါ ပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် ၁၃ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော် ကိုဓားစာခံအဖြစ်ဖမ်းဆီးထားဆဲဖြစ်သည်။


Source Khit Thit