အရမ်းလေးစားရတဲ့ ပန်းချီဆရာ ဦးဝင်းဖေမြင့်ထံမှ အမှတ်တရ လက်ဆောင်ပန်းချီကားလေး ရခဲ့လို့ပီတိဖြစ်နေတဲ့ မင်းသမီးချော ဝတ်မှုန်ရွှေရည်


အရမ်းလေးစားရတဲ့ ပန်းချီဆရာ ဦးဝင်းဖေမြင့်ထံမှ အမှတ်တရ လက်ဆောင်ပန်းချီကားလေး ရခဲ့လို့ပီတိဖြစ်နေတဲ့ မင်းသမီးချော ဝတ်မှုန်ရွှေရည်

ချစ်ပရိသတ်တွေက ချစ်စနိုးနဲ့ ရွှေကစ်လို ခေါ်တဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ အမြဲရှင်းသန့်ကျော့ရှင်းကာ မြင်သူငေးရလောက်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူပါ။


ဖြူဖြူသွယ်သွယ်နဲ့ချစ်စရာကောင်းသလို သရုပ်ဆောင်ပိုင်နိုင်လွန်းတဲ့မင်းသမီးလေးဖြစ်တာကြောင့် အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးရရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။




မျက်နှာလေးကအစ ဖြူဖြူစင်စင်နဲ့အေးချမ်းတဲ့အလှကို ပိုင်ဆိုင်ထားလို့ မြင်ရသူတိုင်း ရင်အေးစေတဲ့အလှပိုင်ရှင်လေးပါပဲနော် ။ ဖက်ရှင်ပိုင်းမှာလည်း ပရိသတ်တွေအမြင်မရိုင်းအောင် ဝတ်ဆင်တတ်သူမို့လည်း ပရိသတ်တွေက အချစ်ပိုနေရတာပါ။




သူမရဲ့ လှုပ်ရှားမှုများကိုလည်းပရိသတ်များကို သိစေရန်ဖော်ပြလျက်ရှိရာအခုလည်း အရမ်းလေးစားရတဲ့ ဆရာဆီကနေ ပန်းချီကားလေး လက်ဆောင်ရလို့ အတိုင်းမသိ ပီတိဖြစ်ကြောင်းကို ပုံလေးတွေနဲ့ တကွ ” ပြီးခဲ့တဲ့ ရက်ပိုင်းက ဆရာ့ဆီ မရောက်တာကြာလို့ အလည်သွားရင်း ဆရာက ချက်ချင်းပဲအမှတ်တရလက်ဆောင်ပန်းချီကားလေးရေးပေးလိုက်တယ်။ တကယ့်ကို အမှတ်တရပဲ …” ရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။