နောက်နှစ်လအတွင်းမှာ ဖြစ်ပေါ်လာမယ့် တော်လှန်ရေးနဲ့ပတ်သက်တဲ့ အခြေအနေတစ်ခုကို အသိပေးလိုက်တဲ့ တိုင်းကျော်


နောက်နှစ်လအတွင်းမှာ ဖြစ်ပေါ်လာမယ့် တော်လှန်ရေးနဲ့ပတ်သက်တဲ့ အခြေအနေတစ်ခုကို အသိပေးလိုက်တဲ့ တိုင်းကျော်

မြန်မာ့ဇာတ်ခုံပေါ်မှာ ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေကို ပျော်ရွှင်စေခဲ့တဲ့ ဟားငါးကောင်လူရွှင်တော်အဖွဲ့ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမယ် ထင်ပါတယ်နော်။ ဟားငါးကောင်အဖွဲ့ကို အဖွဲ့ဝင်ငါးဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အဖွဲ့ဝင်တစ်ယောက်စီတိုင်းကိုလဲ ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးကြပါတယ်။


ဟားငါးကောင်အဖွဲ့ဟာ အမှန်တရားကို ချစ်မြတ်နိုးသူတွေဖြစ်တာကြောင့် နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ လမ်းမပေါ်ထွက် ဆန္ဒပြသခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်လဲ ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံရပြီးနောက် မိသားစုနဲ့ခွဲခွာပြီး ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို တိမ်းရှောင်နေတာပဲ ဖြစ်ပါတယ်။


လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့ပြီးနောက် တော်လှန်ရေးအတွက် ကျရာတာဝန်တွေကို ကြိုးစားထမ်းဆောင်နေကြတာကို တွေ့ရပါတယ်။ ဟားငါးကောင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တိုင်းကျော် ဟာ တော်လှန်ရေးနဲ့ပတ်သက်ပြီး နောက်တစ်လနှစ်လအတွင်း ဖြစ်ပေါ်လာတော့မယ့် အခြေအနေတစ်ခုကို ပြောပြလိုက်ပါတယ်။


” နောက်၁လ၂လအတွင်း ၊ ငါတို့နိုင်ငံသီရိလင်္ကာလို ဖြစ်လာတဲ့အခါ ၊ တော်လှန်ရေးအတွက်ပေးဆပ်နေကျသူတွေကိုတချို့လေးစားတက်လာမယ်ဒီလောက်ပါဘဲ တချို့ကခံစားရမှနာကျင်တက်တာ . … … ….” လို့ တိုင်းကျော် ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။