တက္ကစီပေါ်က စွန့်ပစ်ခဲ့တဲ့ ကလေးငယ်ကို ခိုင်နှင်းဝေ ပြန်ပေးလိုက်ရတဲ့ နောက်ကွယ်က အကြောင်းရင်း


တက္ကစီပေါ်က စွန့်ပစ်ခဲ့တဲ့ ကလေးငယ်ကို ခိုင်နှင်းဝေ ပြန်ပေးလိုက်ရတဲ့ နောက်ကွယ်က အကြောင်းရင်း

တက္ကစီပေါ်က စွန့်ပစ်ခဲ့တဲ့ ကလေးငယ်ကို ခိုင်နှင်းဝေ ပြန်ပေးလိုက်ရတဲ့ နောက်ကွယ်က အကြောင်းရင်း


တက္ကစီပေါ်ကနေ စွန့်ပစ်ခံခဲ့ရတဲ့ မွေးကင်းစသမီးငယ်လေးကို ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေက ယနေ့စက်တင်ဘာလ ၂၃ ရက်နေ့မှာ တရားရုံးကနေ တဆင့် လူကြီးစုံရာရှေ့မှောက်၌ ကတိကဝတ်ပြုပြီး ကလေးမိဘထံ ပြန်လည်အပ်နှံလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။


ကလေးစွန့်ပစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ မိခင်ရင်း ဖြစ်သူက ပြန်တောင်းတဲ့ အပေါ် ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေက တရားရုံးမှာ ဖြေရှင်းမယ်လို့ မီဒီယာတွေကို အတိအလင်း ပြောကြားခဲ့ပြီးပါတယ်။


ယနေ့မှာတော့ ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ရှေ့မှောက်မှာ ခံဝန်နဲ့ သမီးလေးကို ပြန်ပေးခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကလေးမိခင်က နှစ်ဖက်မိဘများနဲ့ အဆင်မပြေခြင်း၊


နိုင်ငံခြားရောက်နေတဲ့ အမျိုးသားဆီ လိုက်သွားချင်စိတ်နဲ့ ရုတ်တရက် ပြုလုပ်မိ သွားခြင်း၊ စိတ်ရောဂါ မရှိတာ သေချာခြင်းတို့ကြောင့် ခံဝန်ကတိအများအပြားနဲ့ အတူ ပြန်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


ခိုင်နှင်းဝေကတော့ ကလေးမိသားစုတွေအနေနဲ့ ကလေးအပေါ် မည်ကဲ့သို့ တာဝန်ယူနိုင်မလဲဆိုတဲ့ အချက်တွေကို‌ မေးမြန်းပြီး လက်ခံနိုင်တာကြောင့် ကလေးကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


လူမှုကွန်ရက်ပေါ်မှာတော့ ကလေးက မိခင်ရင်းထံပြန်ရောက်သွားလို့ စိတ်ချသွားပြီလို့ ပြောကြတဲ့သူတွေ ရှိသလို ကလေးမိသားစုဖက်က ခံဝန်ကို ချိုးဖောက်ပြီး နောက်တခါ စွန့်ပစ်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အငြင်းအခုံတွေ ဖြစ်ပေါ်နေပါတယ်။


အကောင်းဆုံးကတော့ ကိုယ့်ဝမ်းနဲ့ လွယ်ပြီး မွေးထားတဲ့ ကလေးကို ကိုယ်တိုင် ထိန်းကျောင်း စောင့်ရှောက်နိုင်ဖို့ ကြိုးစားတာပါပဲ။ မတတ်သာလွန်းတဲ့ အခြေအနေကျမှသာ မိဘမဲ့ ဂေဟာကို ပို့သင့်ပါတယ်။ ကမ္ဘာကြီးပေါ်မှာ မွေးဖွားလာတဲ့ ကလေးတိုင်း မိခင်မေတ္တာ အပြည့်အဝ ရရှိနိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။


Credit to Blacker