ကွက်လပ်ဖြည့် ပေးခဲ့ရတဲ့ အလှူလေးအတွက် ကြည်နူးပီတိ ဖြစ်ခဲ့ရတဲ့ အကြောင်း ဝေမျှလာခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်


ကွက်လပ်ဖြည့် ပေးခဲ့ရတဲ့ အလှူလေးအတွက် ကြည်နူးပီတိ ဖြစ်ခဲ့ရတဲ့ အကြောင်း ဝေမျှလာခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်ကြီးရေ အနုပညာ‌လောကမှာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ် မြင့်မိုရ် ကတော့ လတ်ရှိ Live Sale လောကမှာလည်း ဘုရင်မ တစ်ဦးရယ်လို့ တင်စားရလောက်အောင် အောင် မြင်နေသူတယောက်လည်း ဖြစ်ပါတယ်။အလုပ်အပေါ် စေတနာထား လုပ်ဆောင်ခဲ့တဲ့ အတွက်လည်း အလုပ်ရှင်ကိုရော ဝယ်ယူသူတွေကိုပါ စိတ်ကျေနပ်မှု ပေးနိုင်ခဲ့သူပါ။


လစဉ်မပြတ်လှူတဲ့ အလှူတခုဖြစ်တဲ့ မျက်လုံးလစ်လပ်နေသူတွေကို တစ်လ တစ်ယောက် လှူခဲ့တဲ့အထဲမှာဒီလအတွက် လှူခဲ့တဲ့ ပုံရိပ်လေးတွေကို”တစ်လတစ်ခါ လူတစ်ဦးစီရဲ့ လိုနေတဲ့ ကွက်လပ်လေးကို ဖြည့်ပေးနေတဲ့ အလှုလေးပါ


ဒါဒီလအတွက်အလှုပါ☺️ကိုယ့်လုပ်အားခလေးထဲက စုပီးတစ်လတစ်ခါ လူတစ်ဦးရဲ့ ကွက်လပ်လေးတစ်ခါ ပြည့် သွားတိုင်း ရင်ထဲကပီတိပြောမပြတတ်အောင်ပါပဲ☺️ကိုယ့်အလှု‌ လေးတွေကို အမှန်တိုင်းပြောရရင် မီဒီယာတွေအဗျူးခံဖို့နေနေသာသာကိုယ့်FBပေါ်တောင် မတင်ချင်ပါဘူး




မတင်ပဲ လှုလိုက်ရတာတွေလည်း အများကြီးပါတစ်ချို့အလှုတွေကြတော့ကိုယ့်Fb ပေါ်တင်လိုက်လို့သဒ္ဓါစိတ်နဲ့ လိုက်လှုကြသူတွေအတွက် ရည်စူးတာပါရှင်


ရှေ့တစ်လကဆိုရင် နှိုင်းရှင် လှုတာကိုသဘောကြလို့ နိုင်ငံခြားကအမကလည်း မျက်လုံးနှစ်ယောက်စာ လှုပေးဖို့ ပြောလာလို့ နှိုင်းရှင်မျက်လုံးလှုတဲ့ နေရာနဲ့ဆက်သွယ်ပေးခဲ့ လိုက်ပါတယ်ဆိုပြီး ကြည်နူးပီတိဖြစ်ခဲ့ရတဲ့ အလှူလေးကို မျှဝေလာခဲ့တာဘဲ ဖြစ်ပါတယ်။


ဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးလည်း ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


Source – Nhying Shin

Thwin – Shwengwegames