စာသင်နေရင်းတောင်ပစ်ခတ်ခံခဲ့ရတဲ့ ဒီပဲယင်းကကလေးငယ်များအတွက် တရားမျှတမှုဘယ်မှာလဲလို့ ကမ္ဘာကြီးကိုမေးခွန်းထုတ်လိုက်တဲ့ ဒေါင်း


စာသင်နေရင်းတောင်ပစ်ခတ်ခံခဲ့ရတဲ့ ဒီပဲယင်းကကလေးငယ်များအတွက် တရားမျှတမှုဘယ်မှာလဲလို့ ကမ္ဘာကြီးကိုမေးခွန်းထုတ်လိုက်တဲ့ ဒေါင်း

ပရိသတ်ကြီးရေ… မင်းသား ဒေါင်း ကတော့ အမှန်တရားကိုချစ်မြတ်နိုးသူတစ်ယောက် ဖြစ်ပြီးတော့ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့


မင်းသားချောတစ်ယောက်ဖြစ်တဲ့အပြင် ယောက်ကျားပီသတဲ့ ရုပ်ရည်သွင်ပြင်ရှိတာကြောင့် ပျိုမေတို့ချစ်ခင်အားပေးရတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။


ဒေါင်း ကတော့ သူ့ရဲ့ ထူးခြားလှတဲ့ နာမည်နဲ့ လိုက်ဖက်အောင် မျက်လုံး၊ မျက်ခုံးကောင်းကောင်းနဲ့ ခန့်ညားတဲ့ ရုပ်သွင်ကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်


ပရိသတ်ကြီးနဲ့အတူတူလဲ အမှန်တရားဘက်က အမြဲတမ်းရပ်တည်နေတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။မင်းသားချော ဒေါင်း ဟာပြည်သူတွေနဲ့ဘက်နဲ့ရပ်တည်ခဲ့တာကြောင့် လက်ရှိမှာ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲခံထားရပါတယ်။


စာသင်ခန်းထဲ စာသင်နေရင်း သေဆုံးသွားခဲ့တဲ့ ကလေးငယ်လေးတွေနဲ့ပတ်သက်ပြီး လူမှု့ကွန်ယက်ပေါ်မှာ အားလုံးပဲ ယူကြုံးမရဝမ်းနည်းနေကြတာပါ။


ဒီလိုဆိုးဝါးတဲ့လုပ်ရပ်ကို ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီကတော့ ပြည်သူတွေအားလုံးရဲ့ အမုန်းကိုအရင်ကထက် နှစ်ဆပိုပိုခံယူနေရပါတယ်။


ဒါကြောင့်လဲ သွေးအေးနေတဲ့ ပြည်သူတွေအားလုံးရဲ့ စိတ်ထဲမှာ တော်လှန်ရေးစိတ်ဓာတ်တွေ ပိုမိုနှိုးကြားလာကြပါပြီ။မင်းသား ဒေါင်း ကတော့ တရားမျှတမှု့က ဘယ်မှာလဲလို့ ကမ္ဘာကြီးကိုအကျယ်လောင်ဆုံး မေးခွန်းထုတ်လိုက်ပါတယ်။


” To the World…Want to say loudlyAbout the children of our country For their livesWith sadness and soulsWill you be looking all the time to this Terrorist Army? How many life need to Die! Where is the justice in this world


ငါတို့တိုင်းပြည်က ကလေးတွေရဲ့ ငိုကြွေးမှု့တွေနဲ့ ကြွေလွင့်သွားတဲ့အသက်တွေအကြောင်းကို ကမ္ဘာကြီးသိအောင် အကျယ်လောင်ဆုံးပြောချင်တယ်…ဒီအကြမ်းဖက်စစ်တပ်ကိုအရေးယူဖို့ အသက်တွေဘယ်လောက်ထပ်‌ပေးရအုန်းမှာလဲ တရားမျှတမှု့ကဘယ်မှာလဲ ကမ္ဘာကြီး”လို့ ဒေါင်း ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။


ဒီပဲယင်းမှာ လက်နက်ထိမှန်ပြီး သေဆုံးခဲ့ရတဲ့ ကလေးငယ်လေးတွေနဲ့ ပြည်သူတွေအားလုံး ကောင်းရာမွန်ရာ ရောက်ကြပါစေ၊နောင်ဘဝရှိခဲ့ရင် ဒီလိုအဖြစ်ဆိုးမျိုး မကြုံရပါစေနဲ့။