“နာကျင်လွန်းလို့ သားသားကို -တ်လိုက်ပါ မေမေရာ”တဲ့မောင်ဘုန်းတေဇ( ၇နှစ်) –(ရုပ်သံ)


“နာကျင်လွန်းလို့ သားသားကို -တ်လိုက်ပါ မေမေရာ”တဲ့မောင်ဘုန်းတေဇ( ၇နှစ်) –(ရုပ်သံ)

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး ရဟတ်ယာဉ်နှစ်စီးဖြင့် တစ်နာရီနီးပါးကြာ ရက်ရက်စက်စက် ပစ်ခတ်ခဲ့သဖြင့် ကျောင်းသား၊ ကျောင်းသူ ၆ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။


လေကြောင်းတိုက်ခိုက်မှုအပြီးတွင် ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသည့် စစ်သားများက ထပ်မံပစ်သတ်သဖြင့် နောက်ထပ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ ၇ဦး သေဆုံးခဲ့ရာ ထိုနေ့က လက်ယက်ကုန်းရွာတွင် သေဆုံးသူ ၁၃ဦးအထိ ရှိခဲ့သည်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူမဆန်သည့် ထိုကျူးလွန်မှုများကို မျက်မြင်တွေ့ရှိခဲ့သူ စေတ နာ့ဝန်ထမ်းဆရာမတစ်ဦးကို က ဆက်သွယ်မေးမြန်းထားသည်။