ဗျူဟာအရ အရမ်းအရေးပါတဲ့ကလေးဝနယ်မြေ မှ ရဲစခန်းကြီးအား PDF‌များမှ စခန်းသိမ်းတိုက်ခိုက်


ဗျူဟာအရ အရမ်းအရေးပါတဲ့ကလေးဝနယ်မြေ မှ ရဲစခန်းကြီးအား PDF‌များမှ စခန်းသိမ်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ် မစိန်ရွာ နယ်မြေရဲစခန်းကို ပြီးခဲ့တဲ့စက်တင်ဘာ(၁၈)ရက် မနက်အစောပိုင်း မှာ ကလေးဝ PDFက စခန်းသိမ်းဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။


အဲ့ဒီတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် (၇)ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေ ဟာ ထွက်ပြေးလွတ်မြောက်သွားကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တွေကတော့ ထိခိုက်မှုမရှိခဲ့ဘူး လို့ People’s Defence Force – Kalewa က အသိပေးထုတ်ပြန်ပါတယ်။


ဒါပေမယ့် တိုက်ပွဲအတွင်းမှာ ဒေသခံအရပ်သားအမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး အဲ့ဒီအတွက် ဝမ်းနည်းရကြောင်းနဲ့ ကျန် ရစ်သူမိသားစုကို တောင်းပန်ကြောင်းလည်း ကလေး၀ PDFကပြောထားပါတယ်။


ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲအပြီးမှာ G3 သေနတ် (၅) လက်၊ Uzi သေနတ် (၂)လက်၊ M79 လောင်ချာ (၁) လက်၊ လက်ပစ်မိုင်း (၃) လုံး၊7.62ကျည် (၂၉၇) တောင့်၊ Uzi ကျည် (၁၄၉) တောင့်၊ 125ဆိုင်ကယ် (၄) စီး၊ ဆက်သွယ်ရေးအထိုင်စက် (၂) လုံး၊


ဆက်သွယ်ရေးစကားပြောစက် (၃)လုံး၊ ဖုန်း (၁၀) လုံး၊ Power bank (၁) လုံး၊ Laptop (၁) လုံး၊ ပိုက်ဆံအိတ် (၂) လုံး၊ ပိုက်ဆံ (၁၃၀၀၀) ကျပ်၊ လက်ထိပ် (၂)ခု၊ ရွှေဆွဲကြိုး (၁) ကုံး၊ ကျောပိုးအိတ် (၁) လုံး၊ ဘေးလွယ်အိတ် (၃) လုံး၊ ဓား (၁) ချောင်းနဲ့ Equipment (၁) ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။