ရခိုင်ပြည်နယ်က ဘီလီယံသန်းကြွယ်သူဌေး သမီးဖြစ်သူနှင့် လက်ထပ်ပေးမယ့် သမက်လောင်းကို လူမှုကွန်ယက်ပေါ်မှတဆင့် ကြော်ငြာရှာဖွေနေ


ရခိုင်ပြည်နယ်က ဘီလီယံသန်းကြွယ်သူဌေး သမီးဖြစ်သူနှင့် လက်ထပ်ပေးမယ့် သမက်လောင်းကို လူမှုကွန်ယက်ပေါ်မှတဆင့် ကြော်ငြာရှာဖွေနေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် နေထိုင်သည့် ရခိုင် စီးပွားရေး လုပ်ငန်းရှင် ဘီလီယံ သန်းကြွယ်သူဌေးဖြစ်သူ ဦးကျောက်တောင်က ၎င်း၏သမီးနှင့် လက်ထပ်ပေးမယ့် သမက်လောင်းကို လူမှုကွန်ယက်ပေါ်မှတဆင့် ကြော်ငြာ၍ ရှာဖွေလျက်ရှိသည်။


“ကျနော့်သမီးလေး ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာ ဟေမန်ဦး ဖြစ်တယ်။ အပျိုလတ်လေးပါ၊ အပျိုကြီး မဖြစ်သေးဘူး။ သဘောကျသူများ သူထံက ချစ်ခွင့်ပန်ပါ။ သူသဘောကျလျှင် ကျနော့်ထံ တောင်းယူလို့ရတယ်။ ကြိုးစားကြပါ တောင်ကုတ်က လူငယ်တွေရယ်”ဟု ရခိုင် စီးပွားရေး လုပ်ငန်းရှင် ဘီလီယံ သန်းကြွယ်သူဌေးဖြစ်သူ ဦးကျောက်တောင်က ၎င်း၏ လူမှုကွန်ယက်တွင် ရေးသားထားသည်။


ဦးကျောက်တောင်သည် ရခိုင်ပြည်နယ်၏ ချမ်းသားဆုံး ထိပ်တန်းဝင် လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး လူမှုဆက်ဆံရေး ကောင်းမွန်သူတစ်ဦး ဖြစ်သည်။


TopPhoenix တောင်ကုတ် သမက်လောင်းရှာဖွေ