‘က’ ကြီး ‘ခ’ ခွေး ဘဲရှိသေးတယ် ဘ၀ကြီးက ပြီးသွားပြီလား ကလေးတို့ရယ်


‘က’ ကြီး ‘ခ’ ခွေး ဘဲရှိသေးတယ် ဘ၀ကြီးက ပြီးသွားပြီလား ကလေးတို့ရယ်

‘က’ ကြီး ‘ခ’ ခွေး ဘဲရှိသေးတယ် ဘ၀ကြီးက ပြီးသွားပြီလား ကလေးတို့ရယ်


တစ်နာရီလောက်ကို ဆက်တိုက် အငြိုးကြီးကြီးနဲ့ကိုပစ်တာ၊ ကျောင်းဆောင်တွေဘက်ကိုပဲပစ်တာ


“ တစ်နာရီလောက်ကို ဆက်တိုက် အငြိုးကြီးကြီးနဲ့ကိုပစ်တာ၊ ကျောင်းဆောင်တွေဘက်ကိုပဲပစ်တာ၊ လက်နက်ကြီးနဲ့လည်းပစ်တယ်၊ စက်သေနတ်တွေနဲ့လည်း တရစပ်ပစ်တယ်။


ကျမက အလယ်တန်းအဆောင်ဘက်မှာဆိုတော့ မူလတန်းဆောင်ဘက်ကို သွားမရဘူး။ မူလတန်းဆောင်မှာ ဘာတွေဖြစ်နေလဲ မသိရဘူး။


မူလတန်းဆောင်ကို အသားကုန်ပစ်တာ။ ပစ်ချင်တိုင်း ပစ်ပြီးတဲ့အချိန်ကျတော့ စစ်သားတွေဝင်လာတယ်“


စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်လာချိန်မှာ အကုန်လုံးကို ထွက်ခဲ့ဖို့၊ ခေါင်းငုံ့ပြီးနေဖို့ အမိန့်ပေးပါတော့တယ်။ အဲ့ဒီအချိန်မှာ မူလတန်းအဆောင်ဘက်က ကလေးတွေ ဒဏ်ရာတွေနဲ့ ထွက်လာကြတာကို တွေ့လိုက်ရပါတယ်။


“ ထွက်လာတဲ့ကလေးတွေကလေ တချို့ဆို ခြေထောက်မပါတော့ဘူး။ တချို့ဆို သွေးတွေ ဗရပွနဲ့၊ အဲ့ချိန်ကျမှ သားနဲ့ သမီး နှစ်ယောက်ကို တွေ့တယ်၊ သားတစ်ယောက်ကို မတွေ့သေးဘူး။


သားလေးက အနားရောက်လာပြီး မေမေ အထဲမှာ သေနေတာအများကြီးပဲတဲ့။ သားညီဝမ်းကွဲလေးရောတဲ့။ သမီးကလည်း အထဲမှာ အူပွင့်သွားတဲ့သူတွေရော ၊ ခေါင်းမရှိတော့တဲ့သူတွေရော မေမေတဲ့”


Credit_original_master