မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးကြဖို့ ပရိသတ်တွေကို တောင်းဆိုလိုက်တဲ့ အဆိုတော် ရွှေထူး


မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးကြဖို့ ပရိသတ်တွေကို တောင်းဆိုလိုက်တဲ့ အဆိုတော် ရွှေထူး

အဆိုတော် ရွှေထူး ကတော့ သူကိုယ်တိုင်ခံစားရေးဖွဲ့ပြီး သီဆိုထားတဲ့ သီချင်းတွေကတော့ ပရိသတ်တွေအားလုံးလက်ခံအားပေးကြပြီး လူငယ်ပရိသတ်တွေကြားထဲမှာ အတော်လေးနာမည်ကြီး ရေပန်းစားခဲ့တာပါပဲနော်။


ဒါအပြင် ရွှေထူး ဟာ အဆိုဘက်မှာတော်လွန်းတဲ့အပြင် သရုပ်ဆောင်တဲ့နေရာမှာလဲ ထူးချွန်တာကြောင့် ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့အတူရွှေထူး ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ပက်ပက်စက်စက်ညို့” ဇာတ်ကားကြီးကလဲ အောင်မြင်မူ့တွေ ရရှိခဲ့ပါသေးတယ်နော်။


ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် အဆိုတော် ရွှေထူး ရဲ့ ၃၀ နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။


သူ့ရဲ့မွေးနေ့လေးကို ချစ်တဲ့ပရိသတ်တွေက ဆုတောင်းစကားလေးတွေ ပြောပေးကြဖို့ တောင်းဆိုခဲ့ပါတယ်နော်။ဒါကြောင့် ရွှေထူးကို ချစ်တဲ့ပရိသတ်တွေက အမှတ်တရအနေနဲ့ မွေးနေ့ဆုတောင်းစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော် ။


ရွှေထူးတစ်ယောက် အနုပညာခရီးလမ်းမှာ ဒီထက်မကိုပိုမိုအောင်မြင်ပြီးတော့ မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင် နဲ့ သက်ဆုံးထိုင်နေထိုင်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


>