တန့်ဆည်တွင် ကင်းစောင့်နေသည့်ရဲဘော်နှင့်အရပ်သား(၁၀)ဦးဖမ်းဆီးခံရပြီး အရှင်လတ်လတ်… see more


တန့်ဆည်တွင် ကင်းစောင့်နေသည့်ရဲဘော်နှင့်အရပ်သား(၁၀)ဦးဖမ်းဆီးခံရပြီး အရှင်လတ်လတ်… see more

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အုတ်ဖိုအိုင်ကျေးရွာမှာ ကင်းစောင့်နေတဲ့ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် အရပ်သား(၁၀)ဦး အရှင်လတ် လတ်မီးရှို့ခံခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။


ဒလန်ရဲ့သတင်းပေးမှုကြောင့် နေရာသိရှိသွားကာ အလစ်အငိုက်ဝင်တိုက်ခိုက်ခံရပြီးစက်တင်ဘာ(၁၆) ရက်မှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသကာ ကွယ်ရေးတပ်ဖွဲ့GuerrillaWarfare-K.P.K အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။


“အုတ်ဖိုရွာသားက(၅)ဦးနဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေက(၄)ဦးပေါ့။ စစ် ကြောင်းထိုးလာတာကို မသိကြတာ၊ ရွာကင်းစောင့်နေရင်း။ အဲ့ဒီမှာပိတ်မိပြီးတော့ ဖမ်းပြီးတော့ မီးရှို့သတ်သွားတာအပြန်အလှန်တိုက်ပွဲ ဖြစ်တာမဟုတ်ဘဲ အငိုက်အဖမ်းခံလိုက်ရတာ”လို့ ပြောပါတယ်။


စစ်ကောင်စီတပ်တွေမီးရှို့ပြီးကျန်ခဲ့တဲ့ ရဲဘော်တွေရဲ့ မီးကျွင်းရုပ်အလောင်းတွေစက်တင်ဘာ(၁၆)ရက် ညနေပိုင်းမှာတွေ့ရှိရတာဖြစ်ပြီး အဲ့ဒီနေ့မှာပဲ မီးသဂြိုလ်ပေးခဲ့ပြီး အမိန့်ပြန်ခဲ့တယ်လို့ သိရပါတယ်။


တပ်မ(၃၃) လက်အောက်ခံစစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ(၁၆)ရက် မနက်(၅)နာရီခန့်မှာ အုတ်ဖိုအိုင်ကျေးရွာကို ရုတ်တရက်ဝင်ရောက်လာပြီး ရွာသားတွေကိုဖမ်းဆီးခဲ့ကြောင်းနဲ့ မီးရှို့သတ်ခံရတဲ့ အလောင်း(၁၀)လောင်းကိုလည်း ညနေပိုင်းမှာတွေ့ရှိရကြောင်း တန့်ဆည်ဒေသတွင်းသတင်းရင်းမြစ်တွေကလည်း ဖော်ပြထားတာတွေ့ရပါတယ်။


ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဟာ ဒလန်ရဲ့သတင်းပေးမှုကြောင့် ကင်းစောင့်နေတဲ့ PDF(၄)ဦးနဲ့ ရွာလုံခြုံရေး(၆)ဦးတို့ကို အလစ်ဝင်ရောက်ဖမ်းဆီးပြီးမီးရှို့သတ်ဖြတ်သွားကြောင်း တည့်ဆအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ TPCကလည်း မနေ့ကသတင်းထုတ်ပြန်ထားပါတယ်။