တင်ဆတ်သူ‌ရော နားဆင်သူပါမျက်ရည်ကျရတဲ့အထိပေါက်သွားခဲ့တဲ့ ဟားငါးကောင်ရဲ့(သဘင်သည်သစ္စာ )သီချင်း(ရုပ်သံ)


တင်ဆတ်သူ‌ရော နားဆင်သူပါမျက်ရည်ကျရတဲ့အထိပေါက်သွားခဲ့တဲ့ ဟားငါးကောင်ရဲ့(သဘင်သည်သစ္စာ )သီချင်း(ရုပ်သံ)

ဒီသီချင်းလေးကို ရိုက်တုန်းက ထိုင်ကြည့်နရင် …ကျနော့်လိုလူတောင် မျက်ရည်ဝဲမိပါတယ်…(ဒီစကားကိုဘာလို့ ထည့်ပြောရလဲဆိုရင် ကျနော့်အကြောင်း ကျနော့်နားက သူတွေသိပါတယ်)


အကြိုက်ဆုံး စာ‌သားလေးက “ဒီချိန်ဒီခါ တိုင်းပြည်းအရေးမို့ သမိုင်းကပေးတဲ့ တာ၀န်တွေကို…ထမ်းရွက်မည်ဆိုကတည်းက အငြိမ့်သဘင်စင်ခုံရဲ့အဝေးမှာ ၀မ်း‌ရေးက ပြသနာမဟုတ်ပါ”ဆိုတဲ့ စာသားလေးပါပဲ…


ဒီသီချင်းကို ရိုက်ကူးရေး လုပ်နေတုန်း ဟား ၅ကောင် ရဲ့ ပင်တိုင်မင်းသမီး တိုင်ဖုန်းကြားက ရှိုက်ကြီးတငင်ငိုနေတာကိုလဲ တွေ့နေရတာကိုး ဒါသူတို့ဘ၀တွေလေ.


ကျနော့်ရှေ့မှာ ပိုင်ဆိုင်မူ့တွေ အောင်မြင်မူ့တွေ ရာထူးဂုဏ်ရှိန်တွေ ဘ၀တွေ အသက်တွေ ပေးခဲ့ရတဲ့ အကိုတွေ အမတွေ ညီတွေ ညီမတွေ အများကြီး တွေ့ခဲ့ရပြီးပြီး…ခုလဲတွေ့နေရတုန်းပဲ…




တစ်ခါတစ်လေကျတော့ Facebook ကြည့်ရင်း ပြုံးမိတယ်…တစ်ချို့သူတွေရဲ့ ဘ၀တွေက အိုးမကွာအိမ်မကွာ မိသားစုနဲ့အတူနေပြီး ငါတို့ထက် Online ပေါ်မှာခက်ခဲကြမ်းတမ်းပြနေကြပါလားလို့လေ…သနားစိတ်လဲ ၀င်မိပါတယ်ဗျာ…တကယ်ပါ။


>