ယုံကြည်မှု့ရဲရင့်မှု့တို့နှင့်အတူ ကြိုးစားပြီးရှေ့ဆက်နေတယ်လို့ ပြောပြလိုက်တဲ့ နန်းမြတ်ဖြိုးသင်း


ယုံကြည်မှု့ရဲရင့်မှု့တို့နှင့်အတူ ကြိုးစားပြီးရှေ့ဆက်နေတယ်လို့ ပြောပြလိုက်တဲ့ နန်းမြတ်ဖြိုးသင်း

ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း ကတော့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။


သရုပ်ဆောင် မှာတော်ရုံမက သီချင်း သီဆိုရာမှာလဲ ချိုသာလွန်းတဲ့ အသံပိုင်ရှင်ဖြစ်တာကြောင့် အောင်မြင်မှု့ရရှိခဲ့ပါသေးတယ်။ အများလေးစားအားကျရပြီး အောင်မြင်တဲ့ အိမ်ထောင်ရေး ကို ပိုင်ဆိုင်ထားတဲ့ သူမဟာ ကံမကောင်းစွာနဲ့ပဲ ခင်ပွန်း ဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။


ခင်ပွန်းသည်မရှိတော့ပေမယ့် ကျန်ရစ်ခဲ့တဲ့ ရင်သွေးလေးနှစ်ယောက်ကို မိခင်တာဝန်အပြင် ဖခင်တာဝန်ကိုပါ ကျေပွန်အောင် အကောင်းမွန်ဆုံး ပြုစုစောက်ရှောက်ပေးနေတဲ့ မိခင်တစ်ဦးပဲ ဖြစ်ပါတယ်။


အချိန်မတိုင်ခင် ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရပေမယ့် သားသမီး နဲ့ မိဘတွေကြောင့် ရဲရင့်မူ့တွေ ယုံကြည့်မူ့အပြည့်နဲ့ ရှေ့ဆက်ဖို့ ခွန်အားတွေ ရတယ်ဆိုတဲ့အကြောင်းကို အခုလိုပဲ ပြောပြခဲ့ပါတယ်။ ”ရဲရင့်မှုတွေ ယုံကြည့်မှုတွေက ရှေ့ဆက်ဖို့တွက်ခွန်အားတွေပဲ သားနဲ့သမီးဆီကနေယုံကြည်မှုတွေရတယ်


မိဘတွေဆီကနေရဲရင့်မှုတွေကူးယူတယ် ကြိုးစားပီးရှေ့ဆက်နေတယ်” လို့ သူမရဲ့လူမူ့ကွန်ယက်ပေါ်မှာ လှပကျော့ရှင်းတဲ့ ဓာတ်ပုံလေးတွေနဲ့အတူ စာသားလေးတွေ ရေးသားထားတာကို တွေ့ရပါတယ်။ သူမရဲ့ ပိုစ်အောက်မှာ သူမကိုချီးကျူးနေတဲ့ ချစ်ပရိသတ်တွေရဲ့ ကောမန့်တွေကို တွေ့ရပါတယ်နော်။