ရေမြေရပ်ခြားမှာရောက်နေ တာတောင် တော်လှန်ရေးအတွက် လက်၀တ်ရတနာမျိုးစုံးချွတ်လျှူခဲ့တဲ့ မြန်မာမိသားစုများ… see more


ရေမြေရပ်ခြားမှာရောက်နေ တာတောင် တော်လှန်ရေးအတွက် လက်၀တ်ရတနာမျိုးစုံးချွတ်လျှူခဲ့တဲ့ မြန်မာမိသားစုများ… see more

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ NLD (OC) Inter national အဖွဲ့နှင့် မြန် မာ မိသားစုများက အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေသော နွေဦးတော်လှန်ရေးအတွက် လက် ဝတ်ရတနာမျိုးစုံကို ရွှေဝါရောင်ဆရာတော် ထာဝရ(နော်ဝေ) ထံ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။


စက်တင်ဘာလ ၁၈ ရက်နေ့ အရှင် ထာဝရ(နော်ဝေ) က ကွာလာလမ်ပူမြို့တွင် တော်လှန်ရေးတရားဟောကြားခဲ့စဉ် ကွာလာလမ်ပူရောက် မြန်မာ မိသားစုများက နဝကမ္မအလှူငွေများနှင့်အတူ တော်လှန်ရေးအတွက် နားကပ်၊


လက်စွပ်များ ချွတ်လှူဒါန်းခဲ့ကြပြီး လက်ကောက် နှစ်ကွင်း၊ လက်စွပ် အမျိုးစုံ ၂၃ကွင်း၊ Hanchain တစ်ကွင်း၊ဆွဲကြိုး နှစ်ကုံး၊ နားဆွဲ တစ်စုံ၊ ဆွဲသီး ငါးခု၊နားကပ် ၂၇ စုံ စုစုပေါင်း ၆၁ ခုကို အလှူခံရရှိခဲ့ခြင်း ဖြစ်သည်။


>