စကစလက်အောက်ခံ မြန်မာ့ဗဟိုဘဏ်ကို ပြတ်ပြတ်သားသားအရှက်ခွဲလိုက်တဲ့ ကမ္ဘောဇဘဏ်(KBZ)… see more


စကစလက်အောက်ခံ မြန်မာ့ဗဟိုဘဏ်ကို ပြတ်ပြတ်သားသားအရှက်ခွဲလိုက်တဲ့ ကမ္ဘောဇဘဏ်(KBZ)… see more

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြည်ပအလုပ်သမားတွေရဲ့လစာကို ကမ္ဘောဇဘဏ်က တဒေါ်လာ ၃ထောင်နဲ့ လဲပေးတယ်ဆိုတဲ့ သတင်းအပေါ် စကစ လက် အောက် ခံ ဗဟိုဘဏ်အနေနဲ့ ရည်ညွန်းနိုင်ငံခြားငွေ လဲလှယ်နူန်း ၂၁၀၀ ကျပ်ကို ပြင်ဆင်စရာမရှိဘူးလို့ ပြောလိုက်ပါတယ်။


“ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ရည်ညွန်းလဲလှယ်နူန်း၂၁၀၀ ဟာ ပြင်ဆင်စရာ အကြောင်းမရှိပါဘူးဗျ၊ ဘာအစီအစဉ်မှလည်း မရှိပါဘူး၊ အဲ့ဒါကို ကောလဟလ တွေနဲ့ လှုံဆော်နေတာလေးတွေ ရှိနေပါတယ်” လို့ စကစ လက်အောက်ခံ ဗဟိုဘဏ်ညွန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ပြောပါတယ်။


ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက် ညနေပိုင်းက စကစ လက်အောက်ခံ ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေလဲလှယ်နူန်း ၁၈၅၀ ကျပ် အစား ၂၁၀၀ ကျပ်အဖြစ် စ တင်ပြောင်းလဲလိုက်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိ ဒေါ်လာပေါက်စျေးဟာ စကစ လက် အောက်ခံ ဗဟိုဘဏ်ရောင်းစျေးနဲ့ ပြင်ပပေါက်စျေးလဲလှယ်မှုက စျေးနူန်းကွာဟမှု ရှိနေတယ်လို့လည်း သိရပါတယ်။


အခုလို ဒေါ်လာပုံသေဈေးနှုန်းကို စကစ လက် အောက်ခံ ဗဟိုဘဏ်က လုံးဝ မပြောင်းလဲဘူးလို့ သတင်းထုတ်ပြန်ချိန်မှာ ကမ္ဘောဇဘဏ်က တဒေါ် လာ ၃၀၀၀ နှုန်းနဲ့ လဲပေးမယ်ဆိုတာကြောင့် ဗဟိုဘဏ်ရဲ့ ဩဇာသက်ရောက်မှုကို မေးခွန်းထုတ်စရာ ဖြစ်လာပြီလို့ ဘဏ်လုပ်ငန်းနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။


လွန်ခဲ့တဲ့ ဩဂုတ်လကုန်တုန်းကလည်း အဲကမ္ဘောဇနဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်း (၂) ခုက တဒေါ်လာကို (၃၀၀၀) ကျပ် သတ်မှတ်ခဲ့ပါတယ်။ အ ဆိုပါ သတ်မှတ်တာနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်အနေနဲ့ မည်သည့် ကြေညာချက်မှ မထုတ်ဘဲ ယခု ကမ္ဘောဇဘဏ် ကိစ္စကျမှသာ တာဝန်ရှိသူက ဖြေကြားတာကို တွေ့ရပါတယ်။


လက်ရှိအချိန်မှာ မြန်မာကျပ်ငွေတန်ဖိုး အလွန် အ မင်းကျဆင်းနေပြီး ဒေါ်လာဈေး မတည်မငြိမ်ဖြစ်နေချိန်မှာ ဗဟိုဘဏ်အနေနဲ့ ဒေါ်လာ ပုံသေဈေးနှုန်းကို ၂၁၀၀ ပဲ သတ်မှတ်တာဟာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလို့ စီးပွားရေး ပညာရှင်များက မှတ်ချက်ပြုပါတယ်။


ပုဂ္ဂလိကဘဏ်တွေဟာ ဗဟိုဘဏ်နဲ့ လမ်းညွှန်ချက်နဲ့ အညီ ဆောင်ရွက်ရမယ်လို့ ပြဌာန်းထားပေမယ့် ကမ္ဘောဇဘဏ်ရဲ့ ယခုလုပ်ရပ်ဟာ စကစလက်အောက် ခံ ဗဟိုဘဏ်ရဲ့ မရှိတဲ့ အရှက်ကို ခွဲသလို ဖြစ်နေတယ် လို့လည်း ပညာရှင်တွေက သုံးသပ်နေကြပါတယ်။


>