ရှောင်တိမ်းခဲ့ရစဉ်က အကြောင်းတစ်ချို့ကို သတိတရနဲ့ ပြန်ပြောပြလာတဲ့ ကိုအာကြီး


ရှောင်တိမ်းခဲ့ရစဉ်က အကြောင်းတစ်ချို့ကို သတိတရနဲ့ ပြန်ပြောပြလာတဲ့ ကိုအာကြီး

အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းများစွာကို သီဆိုထားပြီး ပရိသတ်ပေါင်းများစွာကို ပိုင်ဆိုင်ထားသူကတော့ ဝါရင့်အဆိုတော်ကြီး Rဇာနည် ပဲဖြစ်ပါတယ်။ သူကတော့ MRTV-4 ကထုတ်လွှင့်ပြသတဲ့ The Voice Myanmar မှာ သီချင်းဆိုပြိုင်ပွဲမှာ နီနီခင်ဇော်၊ကျားပေါက်၊ရန်ရန်ချမ်းတို့နဲ့အတူ ဒိုင်အဖြစ်ပါဝင်ခဲ့ပါသေးတယ်။


သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီးတော့ ချစ်စရာကောင်းတဲ့ ကလေး၃ယောက်ရဲ့ဖခင်တစ်ဦးလဲဖြစ်ပါတယ်။ အဆိုတော် Rဇာနည် ဟာ ဒီမိုကရေစီတိုက်ပွဲမှာ ပြည်သူတွေနဲ့ တတ်တတ်ကြွကြွ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ က


နဲ့တရားစွဲဆိုခံထားရပြီး လက်ရှိမှာတော့ ဘေးကင်းရာကို မိသားစုနဲ့အတူ တိမ်းရှောင်နေရပါတယ်။ Rဇာနည် ဟာ ကရင်ပြည်နယ်ကြီးက အရင်လိုပျော်စရာမကောင်းတော့တဲ့အကြောင်းကို အခုလိုပဲရင်ဖွင့်လာပါတယ်။


R ဇာနည် ကတော့ မြန်မာပြည်မှာစစ်အာဏာသိမ်းတဲ့နေ့မှစပြီး ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးထဲတွင် အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပြည်သူတွေက ပိုမိုချစ်ခင်အားပေးကြတာလဲဖြစ်ပါတယ်။


အဆိုတော် R ဇာနည် ဟာအာဏာစတင်သိမ်းချိန်မှစပြီးတော့ ကိုးလကျော်ကာလကြာတဲ့အထိ အခက်အခဲများကိုရင်ဆိုင်ပြီးတော့ ဒီမိုကရေစီရရှိရေးအတွက် ကြိုးစားအားထုတ်နေတာပဲဖြစ်ပါတယ်။


လက်ရှိမှာ ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ပွဲတွေဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေဟာ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်ဆီးဆုံးရှုံးနေရတာကြောင့် အရင်လိုနေထိုင်ရတာ ပျော်စရာမကောင်းတော့


တဲ့အကြောင်းကို ” Before military coup Karen was fun but now…. ” လို့ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ အရင်ကအချိန်တွေကို ပြန်လည်လွမ်းမိနေတဲ့အကြောင်းကို ရင်ဖွင့်ရေးသားထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


ပရိသတ်ကြီးရေ အရင်ကအချိန်တွေကို ပြန်လည်လွမ်းမိနေတဲ့ R ဇာနည် ကို အားပေးစကားလေးတွေ ပြောပေးခဲ့ပြီးတော့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆုတောင်းစကားလေးတွေကို ပြောပေးခဲ့ပါအုန်းနော်။