မိမိရဲ့ Pro အလုပ်မဟုတ်တဲ့ လက်ရှိ လုပ်နေရတဲ့ ခုလုပ်အကြောင်းပြောလာတဲ့ ဒါရိုက်တာ ကိုပေါက်


မိမိရဲ့ Pro အလုပ်မဟုတ်တဲ့ လက်ရှိ လုပ်နေရတဲ့ ခုလုပ်အကြောင်းပြောလာတဲ့ ဒါရိုက်တာ ကိုပေါက်

မိမိရဲ့ Pro အလုပ်မဟုတ်တဲ့ လက်ရှိ လုပ်နေရတဲ့ ခုလုပ်အကြောင်းပြောလာတဲ့ ဒါရိုက်တာ ကိုပေါက်


ကြိုးစားအသက်ရှင်မယ်။ တကယ်တော့ ကျနော့ရဲ့ pro အလုပ်က ရုပ်ရှင်အနုပညာပါ။ ဇာတ်လမ်းရေး၊

ဇာတ်ညွှန်းရေး၊ ဒါရိုက်တာလုပ်၊ သရုပ်ဆောင်လုပ် ပေါ့။


နှစ်ပေါင်များစွာ လူတွေရဲ့သဘောသဘာဝ စိတ်နေသ ဘောထားတွေကို သရုပ်ဆောင်ရတဲ့ပညာတွေကို အဓိကထားပြီးလုပ်လာလို့လားမသိဘူး။


အဟုတ်တာလုပ်မယ့်လူတွေရဲ့ အမူအကျင့်တွေ၊မှန်မှန်ကန်ကန်လုပ်နေတဲ့လူတွေရဲ့ သဘောတရားတွေ၊

အခမ်းအနား ဆက်တင်တွေနဲ့လိမ်နေတာတွေ၊


နည်းပညာက်ိုအသုံးချပြီး အကွက်ကျကျအသုံးချနေတာတွေ၊အနုပညာသမား ဆယ်လီတွေက တစ်ချို့အကွက်တွေကိုရိုးရိုးသားသားမမြင်တော့ အ ကွက် သိသူတွေရဲ့အသုံးချနေတာတွေ မြင်ရ တွေ့ရ ကြားရ သိနေရတော့ ရင်တော့လေးမိတယ်။


အဲ့ဒီအခါခင်ဗျားကြီး တော်လှန်ရေးကိုစိတ်ပျက်နေပြီလားလို့မေးလာခဲ့ရင် ဖြေစရာကရှိနေပါတယ်။

ကျနော်စိတ်မပျက်ပါဘူး။ဘယ်တော့မှလည်းစိတ် ပျက်မှာမဟုတ်ပါဘူး။


ဘာဖြစ်လို့လည်းဆိုတော့ကျနော် ဒါရိုက်တာကိုပေါက်အနေနဲ့တော်လှန်ရေးကိုအကြောင်းပြပြီး ကိုယ့်အတွက် ကိုယ့်မိသားစုအတွက် အခုအချိန်ထိခေါင်းမာနေဆဲပါ။


သာသာယာယာ နေလို့ရတဲ့အခွင့်အရေးတွေရခဲ့ပါတယ်။အဲ့သည်လိုရခဲ့တဲ့အခွင့်အရေးတွေကို စွန့်လွှတ်ခဲ့တဲ့ သမ်ိုင်းကြောင်းတွေ ဖြစ်စဉ်တွေကို တော်လှန်ရေးကြီးပြီးသွားတဲ့တစ်နေ့အသေးစိတ် ရေးဖြစ်အုံးမယ်ထင်ပါတယ်။


ကျနော်ကရုပ်ရှင်ပညာတွေနဲ့ပတ်သက်ပြီဇာတ်လမ်းရေး၊ ဇာတ်ညွှန်းရေး သရုပ်ဆောင်လုပ်၊ ဒါရိုက်တာလုပ်တဲ့ပညာတွေပဲသိခဲ့တာ။ဒါတွေပဲတတ်တာပါ။


အခုတော့ တောထဲက ကျောင်းတစ်ခုမှာ ကလေးတွေကိုကျနော်အနေနဲ့ pro မဖြစ်တဲ့ ပန်းချီပညာကို ကြိုးစားသင်ပေးနေပါတယ်။အခြေခံပေါ့လေ။


ကျနော်ကိုယ်ကျနော် ပြန်မေးကြည့်တယ်။မင်းမှာ အရင်ကလို ရာနဲ့ချီတဲ့ ဝင်ငွေတွေလည်းမရှ်ိတော့ဘူး။လက်ရှိလည်း ဇီးရိုး။


ဘာအတွက်ဒုက္ခခံနေသလဲ?သူများတွေလို ဖာသိဖာသာဖြစ်ဖြစ် သိသိသာသာဖြစ်ဖြစ် ရပ်လိုက်ပါလားပေါ့လေ။


ကျနော် အဆင်မပြေပေမယ့်အခုအချိန်ထိ ကျနော် ခေါင်းမာနေဆဲပါ။ဆက်ပြီးတော့လည်း ခေါင်းမာနေအုံးမယ် ထင်ပါတယ်။ကျနော်အဆင်ပြေပါတယ်။

ခင်ဗျားတို့အဆင်မပြေမှာဘဲ ဆက်ပြီးစိုးရိမ်နေအုံးမှာပါ။


ကျနော် ခင်ဗျားတို့နဲ့အတူတူမြန်မာ့မြေပေါ်မှာ ရှိနေပါတယ်။ဒါပေမယ့်မနက်ဖြန်တော့ နိုင်ငံခြားခဏသွားအုံးမယ်နော်။အဝေးကြီးမဟုတ်ပါဘူး။ ထိုင်း လောက်ပါပဲ။