ဆယ်လီတွေက တစ်ချို့အကွက်တွေကိုရိုးရိုးသားသားမမြင်တော့ရင်လေးမိတယ် ဆိုတဲ့ ကိုပေါက်


ဆယ်လီတွေက တစ်ချို့အကွက်တွေကိုရိုးရိုးသားသားမမြင်တော့ရင်လေးမိတယ် ဆိုတဲ့ ကိုပေါက်

နှစ်ပေါင်များစွာ လူတွေရဲ့သဘောသဘာဝ စိတ်နေသ ဘောထားတွေကို သရုပ်ဆောင်ရတဲ့ပညာတွေကို အဓိကထားပြီးလုပ်လာလို့လားမသိဘူး။


မဟုတ်တာလုပ်မယ့်လူတွေရဲ့ အမူအကျင့်တွေ၊မှန်မှန်ကန်ကန်လုပ်နေတဲ့လူတွေရဲ့ သဘောတရားတွေ၊

အခမ်းအနား ဆက်တင်တွေနဲ့လိမ်နေတာတွေ၊


နည်းပညာက်ိုအသုံးချပြီး အကွက်ကျကျအသုံးချနေတာတွေ၊အနုပညာသမား ဆယ်လီတွေက တစ်ချို့အကွက်တွေကိုရိုးရိုးသားသားမမြင်တော့ အ ကွက် သိသူတွေရဲ့အသုံးချနေတာတွေ မြင်ရ တွေ့ရ ကြားရ သိနေရတော့ ရင်တော့လေးမိတယ်။


အဲ့ဒီအခါခင်ဗျားကြီး တော်လှန်ရေးကိုစိတ်ပျက်နေပြီလားလို့မေးလာခဲ့ရင် ဖြေစရာကရှိနေပါတယ်။

ကျနော်စိတ်မပျက်ပါဘူး။ဘယ်တော့မှလည်းစိတ် ပျက်မှာမဟုတ်ပါဘူး။


ဘာဖြစ်လို့လည်းဆိုတော့ကျနော် ဒါရိုက်တာကိုပေါက်အနေနဲ့တော်လှန်ရေးကိုအကြောင်းပြပြီး ကိုယ့်အတွက် ကိုယ့်မိသားစုအတွက် အခုအချိန်ထိခေါင်းမာနေဆဲပါ။


သာသာယာယာ နေလို့ရတဲ့အခွင့်အရေးတွေရခဲ့ပါတယ်။အဲ့သည်လိုရခဲ့တဲ့အခွင့်အရေးတွေကို စွန့်လွှတ်ခဲ့တဲ့ သမ်ိုင်းကြောင်းတွေ ဖြစ်စဉ်တွေကို တော်လှန်ရေးကြီးပြီးသွားတဲ့တစ်နေ့အသေးစိတ် ရေးဖြစ်အုံးမယ်ထင်ပါတယ်။


>