အကုန်ကယ်မထုတ်နိုင်လို့ မျက်ရည်ကျခဲ့ရတယ် “”ကလေးတွေက ရေသောက်ချင်လို့ ရေတောင်းနေတဲ့အသံတွေက ဆူညံနေတာပဲ”… see more


အကုန်ကယ်မထုတ်နိုင်လို့ မျက်ရည်ကျခဲ့ရတယ် “”ကလေးတွေက ရေသောက်ချင်လို့ ရေတောင်းနေတဲ့အသံတွေက ဆူညံနေတာပဲ”… see more

စက်တင်ဘာ ၁၆ ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ အပေါ်မှာ တိုက်လေယာဉ် Mi35 လေယာဉ်၂ စီးဝဲပြီး ရုတ်တရက် ပစ်ခတ်တိုက်ခိုက်လိုက်တာကြောင့် ဒေသခံရွာသားတွေ အတွက် ရုတ်တရက် အလစ်အငိုက်ခံလိုက်ရတာပါ။ ပိုဆိုးတဲ့ အခြေအနေတစ်ခုကတော့ ရွာမှာ ဖွင့်ထားတာမကြာလှ သေးတဲ့ စာသင်ကျောင်းအပေါ်တည့်တည့် လက်နက်ကြီး ၂ ချက်ထိမှန်သွားခဲ့တာပါ။


မိုးကောင်းကင်ကနေ ကျည်ဆန်မိုးတွေရွာချနေတဲ့ကြားထဲက မိဘတစ်ချို့ စာသင်ကျောင်းကို ရောက်အောင်ပြေးလွှား သွားကြပါတယ်။ စာသင်ကျောင်းထဲက ကလေးတွေ ကြောက်လန့်တကြားနဲ့ ဘယ်ကို ဘယ်လိုပြေးလို့ပြေးရမှန်း မသိချိန်မှာပဲ လက်နက် ကြီးကျခဲ့တဲ့ အခြေအနေကို ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။


“ လက်နက်ကြီးနဲ့ ပစ်တာဗျ၊ တမင်ကို ကျောင်းကို ချိန်ရွယ်ပစ်တာ။ ဘုန်းကြီးကျောင်းမုဒ်ဦးတွေကစ မှန်တာ၊ ကျောင်း ထဲကို ကျွန်တော်တို့ ဝင်ပြီး သန့်ရှင်းရေးလုပ်တော့ ကျောင်းထဲမှာ ကလေးတွေရဲ့ အရိုးစတွေပြန့်ကျဲနေတယ်။ အသား ဖတ်တွေက ပန်ကာမှာ ကပ်နေတယ်။ မျက်နှာကျက်တွေမှာလည်း ကပ်နေတယ်၊ နောက်ထပ် ၂ ချက်လောက် ဆက်ပစ်ရင် ကျောင်းတောင်ပြိုကျသွားနိုင်တယ်” လို့လည်းပြောပါတယ်။


လက်နက်ကြီးကျည်ကျတဲ့အတွက် ၇ နှစ်အရွယ်ကလေး ၂ ဦး၊ အသက် ၁၄ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးခဲ့ရပြီး စစ်ကောင်စီတပ်သားတွေက ကလေး ၄ ယောက်ရဲ့အလောင်းကို ထုတ်ယူသွားတယ်လို့လည်း ဒေသခံတစ်ချို့ကပြော ပါတယ်။ ကျန်ထိခိုက်ဒဏ်ရာရသူတွေကို ကျောင်းက ကား ၂ စီးကို အသုံးပြုပြီး ရေဦးကို ခေါ်သွားတယ်လို့ပြောပါ တယ်။


“ ထိမှန်တဲ့ ကလေးတွေကို ဘုန်းကြီးကျောင်းကကားနဲ့ ရေဦးကို ခေါ်သွားတယ်။ ဒီခွေးတွေက ကလေးတွေအကြောင်း ကို ပျောက်စေချင်လို့ ထိခိုက်ဒဏ်ရာရထားတဲ့ ကလေးတွေနဲ့ အလောင်းတွေကို ရေဦးတန်းပို့ တာ။ မြင်လိုက်တဲ့သူ ပြောတာက သေသွားတဲ့ ကလေး ၄ ယောက်ကို အိပ်နဲ့ထည့်သွားတာ။ ရေဦးရောက်မှ ကလေး ၂ ယောက် ထပ်သေ တယ်” လို့ အတည်ပြုပြောကြားပါတယ်။


လေကြောင်းက ပစ်နေတာနဲ့ တစ်ပြိုက်နက် ရွာထဲကိုလည်း လက်နက်ကိုင်တပ်တွေက ဝင်ရောက်လာခဲ့ကြတာပါ။ လက်နက်ကြီးတွေပစ်ဖောက်ပြီး သူတို့ ဗုံးကြဲခဲ့တဲ့ ကျောင်းထဲကို ဝင်လာပါတယ်။ ကျောင်းထဲရောက်တော့ ကလေး တွေကို မြေပြင်မှာ ဝပ်ခိုင်းထားပါတယ်။


“ကလေးတွေကို မြေပြင်မှာဝပ်ခိုင်းပြီး မော့မကြည့်နဲ့ သတ်ပစ်မယ်လို့ပြောတယ်။ အဲဒီအချိန်မှာ ဒဏ်ရာရနေတဲ့ ကလေး တွေက အော်ဟစ်ငိုနေတယ်။ ၇ နှစ်အရွယ်ခလေးတစ်ယောက်ဆိုရင် နာလွန်းလို့ သူ့ကိုသတ်ပစ်ပါလို့ တောင်းဆိုနေတဲ့ အထိပဲ၊ နောက်ကလေးတစ်ယောက်ကတော့ ဗိုက်ထဲက အူတွေတောင်ထွက်နေတယ်၊ သူလည်း ၇ နှစ်လောက်ပဲ ရှိသေးတယ်၊ မိန်းကလေး” လို့ပြောပါတယ်။


လယ်ကွင်းထဲ ဖခင်နဲ့အတူတူ ငါးကောက်နေတဲ့ ၁၁ နှစ်အရွယ်ကလေးတစ်ဦးလည်း ဦးခေါင်းကို ထိမှန်လို့သေဆုံးခဲ့ရပါ တယ်။ နွားကျောင်းနေတဲ့ အသက် ၄၀ ပတ်ဝန်းကျင်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၂ ဦးလည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ရသလို ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးလည်း ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။


ကျောင်းထဲကိုဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေက ကျောင်းထဲမှာ ရှိနေတဲ့ ဒဏ်ရာရကလေးတွေနဲ့ ဆရာ ၁ ဦး ကျောင်းအကျိုးတော်ဆောင် ကိုအောင်စောထွေးကိုလည်း ဖမ်းဆီးသွားခဲ့ပါတယ်။ ဖမ်းဆီးသွားတဲ့ ကျောင်းအကျိုး တော်ဆောင်ကိုအောင်စောထွေးကိုတော့ ရေဦးသွားတဲ့ လမ်းပေါ်မှာ ပစ်သတ်ခဲ့ပါတယ်။ ရပ်ရွာကို ကင်းစောင့်ပေးနေတဲ့ လူငယ် ၄ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။ သေဆုံးသွားတဲ့ အရပ်သား ၇ ဦးကတော့


ဒီလိုရက်ရက်စက်စက် လုပ်ရတဲ့အကြောင်းရင်းခံက ရွာမှာ ရှိနေတဲ့ ဒလန်သတင်းပေးကြောင့်လို့ ရွာခံတွေကဆိုပါတယ်“ သတင်းပေး ပေးလိုက်တဲ့သတင်းအရ သူတို့က လုပ်တာဖြစ်မယ်။ ရွာထဲကိုဝင်လာတဲ့ စစ်သားတွေက PDF တွေ ကျောင်းထဲမှာ ရှိနေတယ်ဆိုပြီး အတင်းဝင်လာတာ။ သေနတ်ကြီးတွေနဲ့ အတင်း ပစ်ခတ်ဝင်လာတာ။ ကျောင်းထဲက ကျောင်းသားမဟုတ်တဲ့ သူတွေကို PDF ဆိုပြီး ဖမ်းသွားတာ။ ဆရာ၊ ဆရာမ ၂ ဦးကိုလည်း ဖမ်းသွားတယ်” လို့ပြောပါ တယ်။


သူတို့ပြောသလို စာသင်ကျောင်းထဲမှာ PDF တွေမရှိပါဘူး။ အသက် ၆ နှစ်ကနေ ၁၅ နှစ်လောက်အထိပဲရှိတဲ့ ၁၀ တန်း ကျောင်းသားတွေ ကျောင်းတက်နေကြတဲ့အချိန်ပါ။ တစ်ကျောင်းလုံး နှံ့နေအောင်ရှာပေမဲ့ PDF နဲ့ တူတာတောင်မရှိပါ ဘူး။ ဒါပေမဲ့ စိတ်ရိုင်းဝင်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက တော့ ကလေးတွေအပါအဝင် ပြည်သူ ၂၀ ကျော် လောက်ကို ဓါးစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။


“ဒဏ်ရာတွေနဲ့ ခေါ်သွားတဲ့ ကလေးတွေအထဲ ၆ နှစ်၊ ၇ နှစ် ကလေးတွေအများကြီးပါတယ်၊ သွေးတွေအများကြီးကျ နေတာ၊ ကလေးတွေက ရေသောက်ချင်လို့ ရေတောင်းနေတဲ့အသံတွေက ဆူညံနေတာပဲ” လို့ ကလေးတွေကို ကယ် ထုတ်ဖို့ သွားတဲ့ သူတစ်ဦးက ပြောပြပါတယ်။


ရွာသားတွေကတော့ အခုဖြစ်စဉ်အတွက် တရားမျှတမှုလိုချင်တယ်လို့ တောင်းဆိုကြပါတယ်။ နောက်ထပ်သူတို့ ရွာလိုဖြစ်စဉ်မျိုးတွေထပ်မဖြစ်အောင်လို့ တော်လှန်ရေးကြီးအမြန်ပြီးချင်ပြီလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။


>