ချမ်းမြေ့ဂုဏ်ရည် သီလရှင်စာသင်တိုက်မှာ ဆန်၊ဆီနှင့် နဝကမ္မ အလှူငွေတို့ကို လှူဒါန်းခဲ့တဲ့ ဆောင်းယွန်းစံ


ချမ်းမြေ့ဂုဏ်ရည် သီလရှင်စာသင်တိုက်မှာ ဆန်၊ဆီနှင့် နဝကမ္မ အလှူငွေတို့ကို လှူဒါန်းခဲ့တဲ့ ဆောင်းယွန်းစံ

ပရိသတ်ကြီးရေ ဆောင်းယွန်းစံကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မော်ဒယ်လ်မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ရုပ်လေးကလည်း လှသလို ဆောင်းယွန်းစံရဲ့ စိတ်ထားလေးကလည်း မွန်မြတ်လှတာကြောင့် ပရိသတ်တွေကအချစ်ပိုနေရတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။




ဆောင်းယွန်းစံကတော့ အလှူ အတန်းတွေကို ရက်ရောစွာလှူဒါန်းတတ်တဲ့အတွက်အမြဲတမ်းလိုလို အခါအခွင့်သင့်တိုင်းအလှူအတန်းတွေကို ပြုလုပ်လေ့ရှိပါတယ်။ဒီနေ့မှာလည်း “မင်္ဂလာဒုံမြို့နယ်၊ကုန်းတလပေါင်းစံပြကျေးရွာရှိ ချမ်းမြေ့ဂုဏ်ရည် သီလရှင်စာသင်တိုက်သို့ ဆွမ်းဆန်တော်(၂၄) ပြည်ဝင်-၅ အိတ်၊ဆီ-၅ ပိဿာ၊ကုလားပဲ၊ဆား၊ဆေး၊ငပိ၊ငံပြာရည်၊ဟင်းခတ်မှုန့်၊ဆပ်ပြာမှုန့်၊




အခြေခံစားသုံးကုန်များ၊အမျိုးသမီးလစဉ်သုံးများနှင့် နဝကမ္မအလှူငွေတို့ကို ဓမ္မမိတ်ဆွေများက စုပေါင်းလှူဒါန်းခဲ့ကြပါတယ်ဆောင်းတို့နှင့်အတူ ( ၇ ) ရက်သား၊သမီးအပေါင်း သူတော်ကောင်းများလည်း သာဓုခေါ်ဆိုနိုင်ကြပါစေ”ဆိုပြီး လှူဒါန်းခဲ့တဲ့ ကုသိုလ်ပုံရိပ်လေးတွေကို ကုသိုလ်ထပ်တူရစေဖို့ ဝေမျှလာခဲ့တာဘဲ‌ဖြစ်ပါတယ်နော်။






Photo Credit – Saung Yoon San


>