” ချစ်သူ သင်ဇာဝင့်ကျော်ကို သတိရကြောင်း အမှတ်တရ ပုံလေးနဲ့အတူ ရင်ဖွင့်လာခဲ့တဲ့ ရဲရင့်မိုး”


” ချစ်သူ သင်ဇာဝင့်ကျော်ကို သတိရကြောင်း အမှတ်တရ ပုံလေးနဲ့အတူ ရင်ဖွင့်လာခဲ့တဲ့ ရဲရင့်မိုး”

ကောက်ကြောင်းအလှဆုံး မင်းသမီးတွေထဲက တယောက်အပါအဝင်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ သရုပ်ဆောင်မှု အပိုင်းသာမက ဖက်ရှင်အပိုင်းမှာပါ ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားသူပါ။




သင်ဇာကတော့ကျစ်လစ်သွယ်လျကာ ဆွဲဆောင်မှုတွေရှိလွန်းတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့အပြင် သူမတူတဲ့ ညို့အားပြင်းဖက်ရှင်ပုံရိပ်လေးတွေနဲ့ ဖမ်းစားတတ်သူလေးပါ ။




လက်ရှိမှာအီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ-၃၃(က)နဲ့အမှုရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။လူမှုကွန်ရက်စာမျက်နှာပေါ်မှာပရိသတ်တွေနဲ့ အမြဲထိတွေ့မှုရှိခဲ့တဲ့သင်ဇာကိုတော့ပရိသတ်တွေကလည်း သတိရအောက် မေ့နေကြတာပါ။




ပရိသတ်တွေအပြင် သူမရဲ့ချစ်သူ မော်ဒယ်လ်သရုပ်ဆောင် ရဲရင့်မိုးကလည်း” လွမ်းတယ်အချစ်ကလေးရယ် အရမ်းတွေ့ချင်နေပါပြီ”ဆိုတဲ့စာလေးနဲ့အတူ အမှတ်တရပုံလေးတင်ကာ ရင်ဖွင့်လာခဲ့တာဘဲဖြစ်ပါတယ်။




ဖတ်ရှု့ပေးတဲ့ ပရိ သတ်ကြီးလည်း ဘေးအန္တရာယ်အပေါင်း မှ ကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။




Source – Ye Yint Moe

Thwin – Shwengwegames