လက်နက်တပ်ဆင်ထားနိုင်မှုကို မြင်သာစေမယ့် မှတ်တမ်းတွေ မန္တလေး PDF ထုတ်ပြ


လက်နက်တပ်ဆင်ထားနိုင်မှုကို မြင်သာစေမယ့် မှတ်တမ်းတွေ မန္တလေး PDF ထုတ်ပြ

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ၎င်းတို့တပ်ဖွဲ့ရဲ့ လက်နက်တပ်ဆင်ထားနိုင်မှုကို မြင်သာစေမယ် မှတ်တမ်းဓာတ်ပုံတွေ လူထုဆီကို ပထမဆုံးအကြိမ် ထုတ်ပြန်ဖော်ပြပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တော်လှန်ရေးရဲဘော် စစ်သမီးတွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေဖြစ်တယ်လို့ ဖော်ပြပြီး လက်နက်ကြီး/လတ်/ငယ်တချို့ကိုပါ တွဲလျက်ဖော်ပြထားတာပါ။


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ အဆင့်ဆင့်ကွပ်ကဲမှုနဲ့ စစ်စည်းကမ်းကောင်းမွန်မှုတို့ကို အလေးထားပြီး အမြဲတမ်းတပ်ဖွဲ့အသွင် စနစ်တကျ လေ့ကျင့် ပြင်ဆင် စုဖွဲ့နေတယ်လို့ လူထုကို အသိပေးပါတယ်။


လက်တွဲတိုက်ပွဲဝင်မယ့် ရဲဘော်အသစ်တွေကို ခေါ်ယူနေပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ ပြင်ဦးလွင်၊ နောင်ချိုနယ်တွေမှာ ခုခံစစ်နဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်နေပါတယ်။


ဓာတ်ပုံ-မန္တလေး PDF


>