သူမရဲ့ဘဏ်အကောင့်ထဲကိုငွေလွှဲပေးကြဖို့ စနောက်ပြီးတောင်းဆိုခဲ့ရာ (၁၅) မိနစ်အတွင်း ပညာတွေရခဲ့ကြောင်းပြောပြလာတဲ့ မအေးသောင်း


သူမရဲ့ဘဏ်အကောင့်ထဲကိုငွေလွှဲပေးကြဖို့ စနောက်ပြီးတောင်းဆိုခဲ့ရာ (၁၅) မိနစ်အတွင်း ပညာတွေရခဲ့ကြောင်းပြောပြလာတဲ့ မအေးသောင်း

သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ ပျော်ပျော်နေတတ်ပြီး အပူအပင်ကင်းကင်း ဘဝကိုဖြတ်သန်းနေသူတစ်ယောက်ပဲဖြစ်ပါတယ်။


ကိုယ်တိုင်လည်း ပျော်ပျော်နေတတ်သလို ပရိသတ်တွေကိုလည်း အမြဲတမ်းပျော်ရွှင်မှုတွေ မျှဝေပေးလေ့ရှိတဲ့ မအေးသောင်းက ဒီကနေ့မှာလည်း သူမရဲ့ဘဏ်အကောင့်ထဲ ပိုက်ဆံလွှဲပေးကြဖို့ စနောက်ပြီးတောင်းဆိုခဲ့ရာ (၁၅) မိနစ်အတွင်း ပညာတွေရရှိခဲ့ကြောင်း အခုလိုပဲပြောလာပါတယ်။


“ဒီပို့စ်လေးကို Only Me လိုက်ပါပြီနော်။ ပထဆုံး ကျေးဇူးတင်ချင်တာက တကယ်လွှဲပေးခဲ့တဲ့ချစ်ရတဲ့သူတွေပါ။ Total 23981 ကျပ် ရရှိပါတယ်။ ကျမမွေးနေ့မှာ နှစ်တိုင်းလှူနေကြပါ။


မနှစ်ကလည်း Ambulance ကားတစ်စီး ငွေ သိန်း ၅၀ လှူဖြစ်ပါတယ်။ အဲ့တုန်းကလည်း ခင်တဲ့သူတွေနဲ့အတူလှူခဲ့တာပါပဲ။ နှစ်တိုင်းလှူခဲ့တာပါ။ ဒုတိယကတော့ အပြစ်အရင်ပြောကြတဲ့သူတွေပါ။ အဲ့လူတွေက လွှဲလဲမလွှဲပါဘူး။ သူတောင်းစားတောင်ပေးကမ်းချင်စိတ်ပေါက်သေးတယ်ဆိုပြီးရှဲထားတာတွေရော တအားတရားကျပါတယ်။


စိတ်ပုပ်မ စိတ်ပုပ် ထီးတွေလို့ ပြောချင်တာ မကောင်းလို့မပြောတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ၁၅ မိနစ်လောက်နဲ့ ပညာတွေလည်းရပါတယ်။ အလှူငွေလည်းရပါတယ်။ ကျေးဇူးတွေလည်းတင်ပါတယ်။ ” ဆိုပြီးပြောလာပါတယ်။


မအေးသောင်းကတော့ သူမလိုတတ်နိုင်သူအတွက် ပိုက်ဆံနှစ်သောင်းဟာ မပြောပလောက်ပေမယ့် ပိုက်ဆံနှစ်သောင်းနဲ့ပဲ လူတွေရဲ့ စိတ်ထားကို သိခွင့်ရကြောင်း ပြောလာတာပဲဖြစ်ပါတယ်။ အေးသောင်းကတော့ ၁၅ မိနစ်တည်းနဲ့ ပိုက်ဆံနှစ်သောင်းကျော်နဲ့ ပညာတွေရခဲ့ပြီလို့ ပြောလာတာပဲဖြစ်ပါတယ်။