လူဦးရေ (၁၅၀)စာအတွက် ထမင်းဘူး (၁၅၀)ဘူးကို အဟာရဒါနအလှူအဖြစ်လှူဒါန်းပေးခဲ့တဲ့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်း


လူဦးရေ (၁၅၀)စာအတွက် ထမင်းဘူး (၁၅၀)ဘူးကို အဟာရဒါနအလှူအဖြစ်လှူဒါန်းပေးခဲ့တဲ့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်း

ပရိသတ်ကြီးရေ ဝိုင်းစုခိုင်သိန်းကတော့အသံချိုချို‌အေးအေးလေးနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်ထားနိုင်တဲ့ အဆိုတော်တွေထဲက တစ်ယောက်အပါအဝင်ဘဲ ဖြစ်ပါတယ်။


သီချင်းဆို ကောင်းမွန်သလို သရုပ်ဆောင်ရာမှာလည်း ပီပြင်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ခံရသူလေးပါ။အခုလက်ရှိမှာတော့ သူမဝါသနာပါရာ အနုပညာ အလုပ်တွေကို ရပ်နားထားပြီးLive sale လေးတွေ ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။




ဒီနေ့ စက်တင်ဘာလ (၁၅)ရက်နေ့မှာလည်း အောင်လနဲ့ ဝိုင်းစုတို့စုံတွဲလေးကတော့ လူအယောက် (၁၅၀)စာအတွက် အဟာရဒါနအလှူလေးပြုလုပ်ခဲ့ပါတယ်။စားဝတ်နေရေးခက်ခဲနေတဲ့ လူအယောက် (၁၅၀)စာအတွက် ထမင်းဘူး (၁၅၀)ဘူးကို အဟာရဒါနအလှူအဖြစ်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။




ပရိသတ်ကြီးရေ အောင်လနဲ့ ဝိုင်းစုတို့ရဲ့ မွန်မြတ်လှတဲ့ အဟာရဒါနအလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ဖတ်ရှု့ပေးတဲ့ပရိသတ်ကြီးလည်း ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်




Source – Aye Thida


Thwin – Shwengwegames