ဆီတစ်ပိဿာကို (၅,၆၄၅) ကျပ်ထက် ပိုမိုဈေးတင် ရောင်းချသူများကို အရေးယူတော့မည်ဟု…


ဆီတစ်ပိဿာကို (၅,၆၄၅) ကျပ်ထက် ပိုမိုဈေးတင် ရောင်းချသူများကို အရေးယူတော့မည်ဟု…

ဆီတစ်ပိဿာကို (၅,၆၄၅) ကျပ်ထက် ပိုမိုဈေးတင် ရောင်းချသူများကို အရေးယူတော့မည်


ဇွန်လ ၆ ရက် မှ ဇွန်လ ၁၂ ရက်နေ့အထိ ၇ ရက် ကြာကာလအတွင်း ဆီတစ်ပိဿာရည်ညွှန်းဈေးကို


ကျပ်ငွေ ၅၆၄၅ ကျပ် သတ်မှတ်ထားကြောင်း စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း


ကြီးကြပ်ရေးကော်မတီ ကနေ ထုတ်ပြန်လိုက်ပါတယ်။ပြည်တွင်းက စားအုန်းဆီဈေးကွက်အတွင်း


အလွ န်အကျွံ ဈေးမြှင့်ရောင်းချနေခြင်းများအား ထိန်း ကျောင်းဆောင်ရွက်တဲ့အနေနဲ့ စာအုန်းဆီရည် ညွှန်းဈေးများ


ထုတ်ပြန်နေခြင်းဖြစ်ပြီး စာအုန်းဆီအဓိက ထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့


FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်၊ ဘဏ်စရိတ်များ ၊


အခွန်အခများထည့်သွင်းတွက်ချက်ကာ ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ဖောက်ကားရမည့်


အခြေခံလက်ကားရည်ညွှန်ဈေးကို ဆီတစ်ပိဿာ ကျပ်ငွေ ၅၀၀၀ ကျော်အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရပါတယ်။


ယခုတစ်ပတ်တာကာလအတွင်းမှာ ကမ္ဘာ့စားအု န်းဆီထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေမှာ စာအုန်းဆီဈေးနှုန်း ယခင်တစ်ပတ်ကြာကာလထက်


ဈေးအနည်းငယ်ကျဆင်းလာတာကြောင့် စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ကနေ ထုတ်ပြန်တဲ့


ရည်ညွှန်းလက်ကားဈေးဟာလည်း လျော့ကျလာတယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း


စားအုန်းဆီ ရည်ညွှန်းဈေးထုတ်ပြန်ခဲ့ခြင်း မရှိတဲ့နေ့များရှိနေခဲ့ပြီး ပြည်တွင်းလက်လီစာအုန်းဆီရောင်းချတဲ့ဈေးကွက်မှာတော့


ဆီတစ်ပိသာ ဈေးဟာ ငွေကျပ် ၉၀ ၀၀ နီးပါးမြင့်တက်ခဲ့ရပြီး လက်ရှိမှာတော့ ဆီတစ်ပိသာ


ငွေကျပ် ၇၀၀၀ နီးပါးသာရှိတော့တယ်လို့ ဆီလက်လီအရောင်းဆိုင်တွေကနေ သိရပါတယ်။


အထက်ပါစားအုန်းဆီရည်ညွှန်းသတ်မှတ်ဈေး ၅၆၄၅ ကျပ်ထက် အဆမတန်ဈေးကွာကာ


ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီကို ဈေးမြှင့်ရောင်းချတာ၊ဈေးကစားဖို့ရည်ရွယ်ချက်နဲ့ သို လှောင်တာ


စတဲ့မသမာတဲ့လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေအရ


အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။


Credit