ပိုင်တံခွန်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိပိုင်ဆိုင်ထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မော်ဒယ်လ်မင်းသားချောတစ်လက်ပဲဖြစ်ပြီး ပြည်တွင်းရော ပြည်ပကမိန်းမလှလေးတွေဝိုင်း ဝိုင်းလည်နေတဲ့အထိ သည်းသည်းလှုပ်အားပေးခြင်းခံနေရတာဖြစ်ပါတယ်။
ပိုင်တံခွန်ကတော့ မိန်းကလေးတိုင်း အားကိုးချင်စရာကောင်းလောက်တဲ့ ဗလတောင့်တောင့်နဲ့ Body အချိုးအစားကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ကျစ်လျစ်တဲ့ ကြွက်သားတွေကတော့ ပိုင်တံခွန်ရဲ့ဆွဲဆောင်မှုအရှိဆုံးအချက်တွေပဲ ဖြစ်ပါတယ်။
ပိုင်တံခွန်ကခုဆိုရင်ပရိသတ်တွေ အရှေ့ကိုအနုပညာအလုပ်တွေအနည်းငယ်ပြုလုပ်ရင်း ပြန်လည်ရောက်ရှိလာပါတယ် ။ ဒီနေ့မှာတော့ ပိုင်တံခွန်က ထိုင်နိုင်ငံ၎င်းမှ ပရိသတ်များကိုလွမ်းမိကြောင်းပြောလာပါတယ်။
ပိုင်တံခွန်က “ထိုင်းနိုင်ငံမှ သူရဲ့ ပရိသတ်များကို သတိရကြောင်း၊ ထိုင်းနိုင်ငံမှ ပရိသတ်များကိုလည်း မြန်မာပရိသတ်များနည်းတူ ချစ်ကြောင်း နှင့် အကယ်၍ အခွင့်ရေး ရခဲ့ရင် ထိုင်းနိုင်ငံက ပရိသတ်များကိုတွေ့ချင်ကြောင်း” ကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှတဆင့်
” I always miss each and every fan from Thailand. If I have a chance, I would like to meet all of you like last time. I won’t say much anymore. It would be nice to know that I love everyone in Thailand as much as the fans in Myanmar. My love never changed! ဆိုပြီးပြောလာတာဖြစ်ပါတယ်။
ထိုင်းမှာရှိတဲ့ ပိုင်တံခွန်ရဲ့ ပရိသတ်တွေရှိရင် ပိုင်ပိုင် ကိုသတိရသေးလားဆိုတာပြောခဲ့ပေးပါနော်။
Source Paing Takhon
Thwin – Shwengwegames