သူ့အတိတ်က ဖြစ်ရပ်တွေကြောင့် တိုက်ခိုက် ခံနေရတဲ့ Emmy ဆုရ Squid Game ကြယ်ပွင့် Lee Jung-Jae


သူ့အတိတ်က ဖြစ်ရပ်တွေကြောင့် တိုက်ခိုက် ခံနေရတဲ့ Emmy ဆုရ Squid Game ကြယ်ပွင့် Lee Jung-Jae

South Korean သရုပ်ဆောင် Lee Jung-Jae ဟာ 2022 Emmy Awards ဆုပေးပွဲမှာ Outstanding Lead Actor ဆုကို ရရှိခဲ့ပြီး ဒီဆုကို ပထမဆုံးရရှိနိုင်တဲ့ အာရှတိုက်သားဖြစ်လာခဲ့ပါတယ်။ Seong Gi-hun (ဝါ) Player 456 အဖြစ် Netflix’s Squid Game မှာပါဝင်သရုပ်ဆောင်ခဲ့မှုအတွက် ဒီဆုကိုရရှိခဲ့တာပါ။


ဒါ့အပြင် ဒါရိုက်တာ Hwang Dong-hyuk ကလည်း ဒီ Drama စီးရီးအတွက် Outstanding Director for a Drama Series ဆုကို ရရှိနိုင်ခဲ့ပါတယ်။ သူတို့အဖွဲ့သားတွေအနေနဲ့ ဒီဆုပေးပွဲမှာ စံကားတင် (၁၄) ခုပါဝင်ခဲ့ပြီး (၆) ဆုကို အနိုင်ရရှိခဲ့ပါသေးတယ်။


Lee Jung-Jae နဲ့ Squid Game ဒါရိုက်တာ Hwang Dong Hyuk တို့ဟာ သူတို့စီးရီးကို ကြည့်ရှုအားပေးကြတဲ့ ကိုရီးယားနဲ့ နိုင်ငံတကာက ပရိသတ်တွေကို ကျေးဇူးတင်စကား ဆိုခဲ့ကြပါတယ်။ ဒါ့အပြင် Hwang အနေနဲ့ သူတို့ဟာ Season 2 မှာ ပြန်လည်ပါဝင်လာမှာကိုလည်း အတည်ပြုပေးခဲ့ပါသေးတယ်။


Squid Game’s Lee Jung-Jae ဟာ ကြီးမားတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်လာရမှာလား။


ဒီဆုပေးပွဲဟာ အာရှအသိုင်းအဝိုင်းတွေအတွက် အောင်မြင်မှုအကြီးစားဖြစ်ပေမယ့် လူတွေက လူမှုကွန်ယက်ပေါ်မှာ မင်းသားဖြစ်သူရဲ့ အတိတ်က အကြမ်းဖက်ဖြစ်ရပ်တွေကို ထောက်ပြလာခဲ့ကြပါတယ်။ Instiz ဟာ ကိုရီးယားမှာ လူသုံးများတဲ့လူမှုကွန်ယက်တစ်ခုဖြစ်ပြီး အဆိုပါလူမှုကွန်ယက်က ပို့စ်တစ်ခုမှာ မင်းသားဖြစ်သူရဲ့ အတိတ်က ပြစ်မှုတွေကို ချပြထားခဲ့ပါတယ်။


ဒီပြစ်မှုတွေဟာဆိုရင် မင်းသားဖြစ်သူ အသက် (၂၀) အရွယ်၊ (၃၀) အရွယ်လောက်တုန်းက ပြုလုပ်ထားခဲ့တဲ့အရာတွေပါ။ ဒီပြစ်မှုတွေမှာတော့ Homophobia (လိင်တူချစ်သူတွေအပေါ် မုန်းတီးမှု)၊ အမျိုးသမီးတေအပေါ် စော်ကားပြုမူမှုနဲ့ အရက်သောက်ပြီး ကားမောင်းမှု၊ စတာတွေပါဝင်ပါတယ်။



ပရိသတ်တွေကလည်း ဒီဖြစ်ရပ်အပေါ် သူတို့အမြင်တွေကို Twitter ကနေ ဖော်ပြခဲ့ကြပါတယ်။


မင်းသားဖြစ်သူ Star Wars စီးရီးဖြစ်တဲ့ The Acolyte မှာပါဝင်သရုပ်ဆောင်မယ်လို့ ကြေညာလိုက်ပြီးတဲ့နောက် အခု Screenshots တွေဟာ Twitter မှာ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။


ဒီပို့စ်မှာတော့ Lee ဟာ ၂၀၀၀ ခုနှစ်ဝန်းကျင်က အရက်အလွန်အကျွံသောက်သုံးမှုနဲ့ နောက်ဆက်တွဲ စော်ကားမှု (၄) ခုကို ဖော်ပြထားခဲ့ပါတယ်။ ဒီအမှု (၂) ခုမှာတော့ Lee အနေနဲ့ အမျိုးသမီးတွေကို အနာတရဖြစ်စေတဲ့ အမှုတွေလည်း ပါဝင်နေပါတယ်။




၂၀၁၃ ခုနှစ်က Vogue Korea နဲ့ ပြုလုပ်တဲ့အင်တာဗျူးတစ်ခုမှာ မင်းသားဖြစ်သူက “အရင်တုန်းက ကျွန်တော့်သူငယ်ချင်းတစ်ယောက် ကွယ်လွန်သွားတာကို ကြုံတွေ့ခဲ့ရတယ်။ ကျွန်တော်သူ့ကို “သောက်ခြောက်လုပ်မနေစမ်းပါနဲ့။ အခုလောက်ဆို တော်ပြီပေါ့။”လို့ ပြောခဲ့ဖူးတာကို သတိရမိသေးတယ်။ ဒါပေမယ့် သူသေဆုံးသွားတော့လည်း အတော်လေးဝမ်းနည်းခဲ့ရပါတယ်။“လို့ ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။


M2T Shwengwegames