ပိုက်ဆံချမ်းသာတဲ့ သူငယ်ချင်း လောပန်းတစ်ယောက် လက်စွပ်က ကျောက်အကွဲကြီးဝတ်နေတာတွေလို့ မေးလိုက်မိသောအခါ
ပိုက်ဆံချမ်းသာတဲ့ သူငယ်ချင်းတစ်ယောက် ကျောက်အကွဲကြီးလက်စွပ် ကွင်းဝတ်နေတာတွေ့လို့ပြောလိုက်မိတယ်…
“ကပ်စီး နှမြောလွန်းနေပြီ ကျက်သရေ မရှိကွာလို့”သူပြန်ပြောတဲ့ စကားကြားတော့ အတော် စိတ်မကောင်းဖြစ်သွားတယ်။
ပြောမိတာလည်း နောင်တရမိသွားတယ်။
သူပြန်ပြောတာက အများအမြင်တော့ သူငယ်ချင်းပြောသလို အမြင်မကောင်း မလှမပ ပေါ့ကွာတဲ့….
ဒါပေမယ့် ကို့အတွက်က သိပ်တန်ဘိုးထားရတဲ့ ပစ္စည်းလေးပါတဲ့….
အဲဒါ အမေ မသေခင် ကျိုးသွားတဲ့ “သွား” လေး အမှတ်တရ သိမ်းထားရင်း….
အခုကိုယ်နဲ့မကွာရှိချင်လို့ လက်စွပ်ကွင်း ဝတ်ထားတာပါတဲ့….
ရေချိုးရင်း အလုပ်လုပ်နေရင်း ပြုတ်ကျနေမှာစိုးလို့အမြဲဂရုစိုက်တယ်တဲ့…
ရင်ထဲအတော်မကောင်းဖြစ်သွားတယ်။
အမေ ဆိုတာ အရာအားလုံးထက် ကြီးမြတ်လွန်းတာ ပိုနားလည်လာမိသွားတယ်။
ကျေးဇူးတင်ပါတယ်သူငယ်ချင်း။လေးစားပါတယ် သူငယ်ချင်း။အတုယူ ပါ့မယ် သူငယ်ချင်း။
အညာမြေအလှ ပခုက္ကူ #Credit