ကားလမ်းဘေးမှာ စွန့်ပစ်ခံထားရတဲ့ ကလေးတယောက် အကြောင်းကို ဝေမျှလာခဲ့တဲ့ ခိုင်နှင်းဝေ


ကားလမ်းဘေးမှာ စွန့်ပစ်ခံထားရတဲ့ ကလေးတယောက် အကြောင်းကို ဝေမျှလာခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ပရဟိ တအလုပ်တွေကိုလုပ်ကိုင်ရင်း အနုပညာအလုပ်တွေကိုပါလုပ်ကိုင်နေတဲ့ ပရဟိတမင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေက လက်ရှိမှာလည်း ရင်သွေးလေးများဂေဟာကို ဦးစီးတည်ထောင်ထားသလို




အခြားသောပရဟိတအလုပ်တွေကိုလည်းလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။အခြေခံပြည်သူလူတန်း စားတွေရဲ့ လိုအပ်တာမှန်သမျှကို ကူညီဆောင်ရွက်ပေးနေတဲ့ ခိုင်နှင်းဝေက မိဘမဲ့ကလေးတွေကိုလည်း မိခင်ရင်းသဖွယ် စောင့် ရှောက်ပေးနေသူပါ ။




အခုလည်းကားပေါ်ကနေ စွန့်ပစ်သွားတဲ့ ကလေးအကြောင်းကို ” Taxi ကားပေါ်ကနေ တံခါးဖွင့်ပြီး ကားလမ်းဘေးမှာ စွန့်ပစ်သွားတဲ့ သမီးလေး..ကားလမ်းပေါ်မှာ ကားမကြိတ်ခံရတာပဲ ကံကောင်းလှပါပြီ..လက်မှာလဲ အပ်တန်းလန်းနဲ့မို့ ဆေးရုံက ခိုးဆင်းလာပုံလဲ ရပါတယ်..ဂေဟာမှာ သမီးလေးကို လက်ခံပြီး လိုအပ်တဲ့ ဆေးစစ်မှုများပြုလုပ်ထားပါတယ်ရှင်”ဆိုပြီးဝေမျှလာခဲ့တာဘဲဖြစ်ပါတယ်။




ဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးလည်း ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


Photo – Khine Hnin Wai

Thwin – Shwengwegames


>