လုပ်ချင်တာရှိလို့ အမေကိုအမျိုးမျိုးမျက်နှာချိုသွေးပြနေတဲ့ Pilar လေးရဲ့ပုံလေးကိုဗီဒီယိုရိုက်ပြီးပြသလာခဲ့တဲ့ ချမ်းချမ်း
အဆိုတော်ချမ်းချမ်းကတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် အောင်မြင်လာပြီး နိုင်ငံကျော်အဆိုတော်ဖြစ်လာခဲ့သူပါ။ ချမ်းချမ်းက အခုဆိုရင် သူမရဲ့
ဒုတိယမြောက်သမီးလေးနဲ့အတူတူ ခင်ပွန်းဖြစ်သူရဲ့မွေးရပ်မြေမှာနေထိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ချမ်းချမ်းက အနုပညာအလုပ်တွေကို ရပ်နားထားပြီး
သမီးတွေကိုပဲ အကောင်းဆုံးပြုစုစောင့်ရှောက်နေတာပဲဖြစ်ပါတယ်။
သမီးလေးပီလာကို အနီးကပ်စောင့်ရှောက်ရင်း သမီးလေးနဲ့ ပတ်သက်တဲ့အရာလေးတွေကို ဗီဒီယိုလေးတွေရိုက်ကူးထားတတ်တဲ့ ချမ်းချမ်းဟာ ဒီကနေ့မှာလည်း
ပီလာလေးရဲ့ချစ်စရာအမူအရာအချို့ကို မျှဝေလာပါတယ်။ ချမ်းချမ်းက “လှေကားပေါ်တက်ချင်လို့ မျက်နှာ ချိုသွေးနေတာ အီအီးပါရင်း အမူအရာမျိုးစုံ
လုပ်နေသောပီလာ မနိုင်စိန် ဖေဖေ့လဲတွေ့ရော ရုပ်ကတမျိုး” ဆိုပြီး ပီလာလေးရဲ့ ဗီဒီယိုကို အခုလိုမျိုးပဲမျှဝေလာပါတယ်။
ချမ်းချမ်းကတော့ သမီးလေးရဲ့ ချစ်စဖွယ်အမူအယာလေးကိုပြသလာခဲ့တာပဲဖြစ်ပါတယ်
ပရိသတ်ကြီးလည်း ပီလာလေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အသည်းတွေယားနေကြမယ်ထင်ပါတယ်နော်