မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းက ဇာတ်ကားတွေရိုက်ကူးခဲ့သလို တေးသီချင်းတွေလည်း သီဆိုပြီး အနုပညာအလုပ်တွေကို နှစ်အတော်ကြာအောင် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။
နန်းမြတ်ဖြိုးသင်းက သူမရဲ့ ချစ်စဖွယ်ကောင်းတဲ့ အမူအရာများနဲ့ ပရိတ်သတ်ကို ညှို့ယူဖမ်းစားထားသူတစ်ဦးဖြစ်ပါတယ်။
သူမက အနုပညာလှုပ်ရှားမှုများစွာကို လုပ်ဆောင်ခဲ့သူဖြစ်ပြီး ပရိတ်သတ်တွေအနေနဲ့လည်း သူမကို အိမ်ထောင်ကျသွားသည့်တိုင် အဆက်မပြတ် ချစ်ခင်အားပေးခဲ့ကြတာဖြစ်ပါတယ်။
အခုချိန်ထိ နန်းမြတ်က နုပျိုပြီး ကလေးမေမေလို့ မထင်မှတ်ရလောက်အောင်ဆွဲဆောင်မှုရှိရှိ လှနေတာကလည်းတကယ်ကို အားကျစရာပါပဲနော် ။
ဒီနေ့မှာတော့ နန်းမြတ်က မနေ့ကကျရောက်ခဲ့တဲ့ သူမရဲ့မွေးနေ့မှာ ဘုရားသွားပြီး ကုသိုလ်ယူခဲ့တဲ့ ပုံရိပ်လေးတွေကိုသူမရဲ့ ဖေ့စ်ဘွတ်မှတဆင့်မျှဝေလာပါတယ်။
နန်းမြတ်ရဲ့ ပုံတိုင်းက အသက် ၃၃နှစ်အရွယ် ကလေး၂ ယောက်အမေ လို့မထင်ရလောက်အောင် နုပျိုပြီး ပြီး ရိုးရိုးယဉ်ယဉ်လေးနှင့် လှပလွန်းနေတာကြောင့်ပရိသတ်တွေအတွက်ပြန်တင်ပေးလိုက်ပါတယ်နော်။
Photo Nann Mayt Phyo Thin