ကိုယ်တွေကကိုယ်တွေက တော်လှန်ရေးမှာ သည်းခံတယ်၊ သည်းမခံဘူးဆိုတာ နှစ်ပိုင်းရှိတယ်


ကိုယ်တွေကကိုယ်တွေက တော်လှန်ရေးမှာ သည်းခံတယ်၊ သည်းမခံဘူးဆိုတာ နှစ်ပိုင်းရှိတယ်

ကိုယ်တွေကကိုယ်တွေက တော်လှန်ရေးမှာ သည်းခံတယ်၊ သည်းမခံဘူးဆိုတာ နှစ်ပိုင်းရှိတယ်


သည်းခံတဲ့ အပိုင်းက Public မှာ သည်းခံတာ။Public မှာ ဇွန်းကျအပ်ကျ ရေးတင်ရင် Public အတွက် အကျိုးမရှိတဲ့အတွက် သည်းခံတယ်။ အလုပ်လုပ်နေတာ၊ ပွတ်တိုက်မှု ရှိမှာပဲ။


ဘာပွတ်တိုက်မှုမှ မရှိရင် ဘာစောက်လုပ်မှ မလုပ်တဲ့ကောင်ပဲ။ အရှင်းကြီးပဲ။ အကုန် Public မှာ ထိုင်ပြောပြနေလို့ စစ်ခွေးတွေ ပျော်ပြီး ကိုယ့်ဘက်ခြမ်းကလူတွေ စိတ်ဆင်းရဲတာပဲ အဖက်တင်မယ်။ Emotional နဲ့ ယွစကီး ထနေရမယ့်အချိန် မဟုတ်ဘူး။ ရင်းထားတာ အသက်တွေ။


သည်းမခံတာက အတွင်းမှာ သည်းမခံဘူး။ ကြိတ်စရာရှိလာရင် ဖျင်သနီလန်အောင် ကြိတ်မှာ။ ကြိတ်ခဲ့တာ။ ဒါ့ကြောင့် ကိုယ့်အကန့်မဟုတ်ရင် ဝင်ကို မပါဘူး။


အေး… ကိုယ်နဲ့ သက်ဆိုင်တဲ့ ကိစ္စ လလလလ လာလုပ်ရင် တဆုံးကြိတ်မှာ။ ဘယ်သူသော ဘယ်ဝါသော ဘယ်စောက်ခွက်မှ ထောက်မနေနိုင်ဘူး။


ဘယ်သူ့ကိုမှ ကြည်ညိုလို့ တော်လှန်ရေးလုပ်နေတာ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ အားအားယားယား ကြည် ညို မနေနိုင်လို့ တော်လှန်နေတာ။ ဘာကောင်မို့ ညာကောင်ဖို့ ဖျင်ကုန်းရတဲ့စနစ်ကို လက်မခံလို့ တော်လှန်တာ။


ဘာကောင်မို့ ညာကောင်မို့အထာ ဖျင်လာယားရင် မျက်တောင်တုပါ ကျွတ်သွားမယ်။ အေး… ကိုယ့်ဘက်က ကိုယ့်တာလုံအောင် နေတယ်။မေးခွန်းထုတ်စရာ မရှိအောင် နေတယ်။


မေးခွန်းထုတ်သလို စွတ်စွဲသလို လာလုပ်ရင် Zoom နဲ့ပါ ဗီဒီယိုဖွင့် မျက်နှာကြည့်ပြီး ရှင်းတာ။ ဘာမရှင်းတာရှိလဲ ပြန်မေးရင် မရှိတော့ပါဘူး ဆိုတဲ့အထိ ရှင်းတာ။


Public မှာ တင်ပြလို့ရတာ အကုန်တင်ပြတယ်။ အ ချို့သော ငွေကြေး၊ ပစ္စည်း စီးဆင်းဖို့ အနှောက်အယှက်မဖြစ်ဖို့ ခေတ္တပြမရသေးတဲ့ဟာတွေတောင် သိချင်သပဆိုရင် ဒီလူက ဒလန်မဟုတ်ပါဘူး။


ယုံကြည်ရပါတယ်ဆိုတဲ့ ထောက်ခံချက်နဲ့ ဂုဏ် သိက္ခာသာ ယူလာခဲ့။ ကိုယ်က ရှင်းပြချင်လွန်းလို့။ ဒါမျိုး Public မှာ ဂုဏ်ဆာချင်တာ။ အခြေအနေအရ ဂုဏ်ဆာမရသေးလို့သာ။


လိပ်ပြာလုံတဲ့သူက ဘယ်ကောင့် မျက်ခွက်ဖြစ်ဖြစ် ကြည့်ပြီး ဒဲ့ရှင်းရဲတယ်။ ဟိုစောင်းသလို ဒီရွဲ့သလိုဟာတွေနဲ့ ဘောမတွေကိုတော့ စောက်ဇယားထဲကို မထည့်နိုင်ဘူး။


Fundraiser တစ်ယောက်အနေနဲ့ ၁- စည်းရုံး၊ ၂- Fundရှာ၊ ၃- ငွေစု၊ ၄- ပို့ဆောင်၊ ၅- တင်ပြ၊ အဆင့်ငါးဆင့်လုံး အဆင့်မှ အပိုအလိုမရှိ လုပ်ဆောင်ဖို့ အမြဲ အာရုံစိုက်ထားတယ်။ အဲ့နောက်ပိုင်းကိစ္စတွေက ကိုယ်က လိုက်လံထိန်းကျောင်းရုံပဲ တတ်နိုင်တယ်။


ဘာလို့လဲဆိုတော့ ကိုယ်က Fundraiser, မြေပြင်မှာ ရှိနေတဲ့သူ မဟုတ်ဘူး။ နောက်ဆက်တွဲကိစ္စ မေးစရာရှိရင် လက်ခံယူသွားသူတွေ ဒဲ့သွားမေးကြ။ ကိုယ့်အပိုင်း ငါးဆင့်မှာ တဆင့်ဆင့်ကို မေးခွန်းထုတ်ချင်ရင် ကြိုက်တဲ့အချိန်လာခဲ့။


မိန်းမကြီးတန်မဲ့နဲ့ ယောက်ျားတွေကို “ယောက်ျားစကား ပြောကြရအောင်ကွာ” လို့ လိုက်လိုက်ပြောနေရတာ ကြာတော့ အားတောင် နာလာပြီ။


အဟက်


>