ပရိသတ်တွေ ချစ်စနိုးနဲ့ ခေးလို ခေါ်ကြတဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါကတော့မော်ဒယ်လောက ကနေတဆင့် သရုပ် ဆောင်လောကထဲ ဝင်ရောက်လာခဲ့တာဘဲဖြစ်ပါတယ်။
သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့်ပရိသတ်အားလုံးရဲ့ရင်ထဲမှာနေရာတစ်ခုကိုအခိုင်မာရပ် တည်ထားနိုင်တဲ့ မင်းသမီးလေးပဲဖြစ်ပါတယ်။ခင်ဝင့်ဝါတစ်ယောက်ကတော့ကလေးဆန်တဲ့အမူအရာလေးတွေကြောင့်လည်းပရိသတ်တွေကအချစ်ပိုခဲ့ကြတာပါ။
သူမရဲ့အပြုံးချိုချိုလေးတွေဟာလည်းပုရိသတွေကိုအဓိကကြွေစေရတဲ့အချက်တစ်ချက်ဆိုရင်လည်းမမှားနိုင်ပါဘူးနော်။ဖော်ရွေပျူငှာတတ်တဲ့သူမရဲ့ဖြူစင်တဲ့စိတ်ထားလေးတွေကြောင့်လည်းပရိသတ်များသာမကအနုပညာရှင်များကပါချစ်ခင်ကြတာဖြစ်ပါတယ်။
အခုလည်း ကလေးလေး တယောက်လို ဟန်ပန်လေးနဲ့ ချစ်စရာကောင်းနေတဲ့ ခေးလေး ခင်ဝင့်ဝါရဲ့ အလှပုံရိပ်တွေကို ချစ်တဲ့ ပရိသတ်ကြီးအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်။
ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးလည်း ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပါစေလို ဆုတောင်းပေးလိုက်ပါတယ်နော်။
Photo – Khin Wint Wah
Thwin – Shwengwegames