မြင်နေကျနဲ့မတူဘဲ အလန်းစား ဒီဇိုင်းတွေနှင့် ပို့စ်မျိုးစုံပေးကာ ချစ်စရာကောင်းလွန်းနေတဲ့ မေတိုးခိုင်


မြင်နေကျနဲ့မတူဘဲ အလန်းစား ဒီဇိုင်းတွေနှင့် ပို့စ်မျိုးစုံပေးကာ ချစ်စရာကောင်းလွန်းနေတဲ့ မေတိုးခိုင်

သွက်သွက်လက်လက်နဲ့ချစ်စရာကောင်းတဲ့ တက်သစ်စမင်းသမီးချောလေးမေတိုးခိုင်ကိုတော့ နာမည်ကြီးမင်းသမီးအိန္ဒြာကျော်ဇင်ရဲ့တူမလေးအဖြစ် ပရိသတ်တွေသတိထားမိကြတာပါ။



၂၀၁၈အကယ်ဒမီရွှေကြိုအဖြစ်ကနေ အခုဆိုရင် ကြော်ငြာတွေမှာသာမက ရုပ်ရှင်တွေမှာပါမြင်တွေ့လာရတဲ့ မင်းသမီးတစ်လက်ဖြစ်လာတာလည်း ဖြစ်ပါတယ်။


မေတိုးခိုင်ကိုတော့ “ရူးအောင်ချစ်မယ့်လူ” ဆိုတဲ့ဇာတ်ကားကြီးမှာ အဓိကဇာတ်ဆောင်အဖြစ်မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေကြိုက်နှစ်သက်ခဲ့တာလည်း ဖြစ်ပါတယ်။




လက်ရှိမှာလည်း photo shooting ၊ကြောငြာတွေနှင့်အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်လာတဲ့ တက်သစ်စအနုပညာရှင်တစ်ယောက်အနေနဲ့လည်း သိကြမှာပါ။


Fortune TV ကနေ ဇူလိုင်လမှာ ထုတ်လွှင့်မည့် ‘ချစ်ဆေး ‘ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။




ဒီနေ့မှာတော့ ဖူးလေး က ပုံမှန်မြင်နေကျနှင့်မတူဘဲ အလွန့်စားဒီဇိုင်းတွေနှင့် ပုံစံမျိုးစုံပေးကာရိုက်ကူးထားတဲ့ သူမရဲ့ပုံရိပ်တွေကိုမျှဝေလာတာတွေ့ရပါတယ်။






မေတိုးခိုင် ရဲ့ ပုံတိုင်းက ကလေးတစ်ယောက်လို ဖြူစင်တဲ့ အပြုံးလေးနှင့် ချစ်စရာကောင်းလွန်းနေတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


Photo May Toe Khine