ကိုယ်နားချင်တဲ့ အခြေနေမျိုး မဟုတ်ဘဲ အနားယူနေရပြီး ချစ်တဲ့ပရိသတ်တွေ နှင့် လုံးဝအဆက်သွယ်ပြတ်နေကြောင်း လွမ်းမောဖွယ်ရင်ဖွင့်လာတဲ့ သက်မွန်မြင့်


ကိုယ်နားချင်တဲ့ အခြေနေမျိုး မဟုတ်ဘဲ အနားယူနေရပြီး ချစ်တဲ့ပရိသတ်တွေ နှင့် လုံးဝအဆက်သွယ်ပြတ်နေကြောင်း လွမ်းမောဖွယ်ရင်ဖွင့်လာတဲ့ သက်မွန်မြင့်

ချစ်လှစွာ ပရိတ်သတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး သက်မွန်မြင့် ဟာဆိုရင် ပီပြင်ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ကျရာဇာတ်ရုပ်တိုင်းကိုအံဝင်ဂွင်ကျဖြစ်အောင်သရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီထူးချွန်ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာပဲဖြစ်ပါတယ်နော်။


လက်ရှိမှာ အနုပညာအလုပ်တွေမလုပ်ဘဲ ပရိသတ်တွေနှင့် အချိန်ကြာမြင့်စွာ အဆက်သွယ်ပြတ်နေတဲ့ ချစ်သက်က ကိုယ်နာချင်တဲ့အခြေနေမျိုးမဟုတ်ဘဲ အနားယူနေရပြီး ချစ်တဲ့ပရိသတ်တွေနှင့် လုံးဝအဆက်သွယ်ပြတ်နေကြောင်းလွမ်းမောဖွယ်ရင်ဖွင့်လာပါတယ်။




သက်မွန်မြက့်က “ကျွန်မတွေးခဲ့တာ အသက် ၄၀ လောက်ဆို နားမယ်ပေါ့.. နားမယ်ဆိုတာ အသက်မွေးဝမ်းကျောင်း အနေနဲ့ နားမယ်ပြောတာပါ.. လုံးဝ မစွန့်လွှတ်နိုင်တာမို တချို အရမ်း သဘောကျတဲ့ ဇာတ်တို ရိုက်သင့်တဲ့ ဇာတ်တိုလောက်ပဲ ရိုက်ပြီး ကလေးတွေကို အချိန်ပေးမယ် ပျိုးထောင်မယ် ကိုယ်ဝါသနာပါတာလေးတွေ လုပ်ရင်း”


“ဘာသာရေးလေးလုပ်ရင်း ဘဝက်ို အေးဆေးဖြတ်သန်းတော့မယ်ပေါ့… ခုတော့ နားရတာမှ ဆက်လုပ်လိုကို မရတော့တာ… ပထမ ကိုဗစ်ဒုတိယ ကိုယ့် SLE Lupas ရောဂါတတိယ တိုင်းပြည်ခြေနေ နားရတာမှလေ ……တကယ်ပါပဲကိုယ်နားချင်တာ ဒီလိုမျိုးမဟုတ်ဘူးပရိတ်သတ်တွေနဲ့ပါ အဆက်သွယ်ပြတ်နေရပြီ”ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှတဆင့် ရင်ဖွင့်လာတာဖြစ်ပါတယ်နော်




ချစ်သက်ကို လွမ်း‌နေတဲ့ ပရိသတ်ကြီးများရှိခဲ့ရင် ပရိသတ်ရဲ့ အမြင်လေးကိုလည်းပြောပြပေးခဲ့ပါဦးနော်


Source Thet Mon Myint