အာရှငွေကြေးများ ဒေါ်လာလဲနှုန်း ဆက်လက်ကျဆင်းပြီး ဗဟိုဘဏ်များအရန်ငွေလျော့ကျ


အာရှငွေကြေးများ ဒေါ်လာလဲနှုန်း ဆက်လက်ကျဆင်းပြီး ဗဟိုဘဏ်များအရန်ငွေလျော့ကျ

ထွန်းသစ်စအာရှဗဟိုဘဏ်များတွင် နိုင်ငံခြားသုံးအရန်ငွေများ သိသိသာသာ ကျဆင်းလာသည်ကို တွေ့မြင်ရပြီး အားကောင်းနေသော အမေရိကန်ဒေါ်လာနှင့် ရင်ဆိုင်ရချိန်တွင်


နိုင်ငံသုံးငွေတန်ဖိုး လျော့ကျနေခြင်းကိုတားဆီးရန်အတွက် စျေးကွက်ထဲဝင်ရောက်စွက်ဖက်ပေးနိုင်စွမ်းကျဆင်းလာမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်နေစေသည်။


Standard Chartered Plc. ၏ အဆိုအရ လက်ထဲရှိနေသောနိုင်ငံခြားသုံးငွေများဖြင့်နိုင်ငံအတွက်သွင်းကုန်များတင်သွင်းပေးနိုင်မည့် ပျမ်းမျှကာလသည် ၇ လခန့်အထိလျော့ကျနေသည်။၂၀၀၈ ကမ္ဘာ့ငွေကြေး အကျပ်အတည်းနောက်ပိုင်းအနည်းဆုံးဖြစ်သည်။


ယခုနှစ်ဆန်းပိုင်းတွင် ၁၀လစာ တင်သွင်းမှုများအတွက် နိုင်ငံခြားသုံးအရန်ငွေ ထားရှိနိုင်ခဲ့ကြသည်။ ၂၀၂၀ခုနှစ် ဩဂုတ်လတွင် ၂၆ လစာအထိ မြင့်မားခဲ့ဖူးသည်။


“ပြည်တွင်းငွေကြေးတွေကိုကျားကန်ပေးဖို့ ဗဟိုဘဏ်ရဲ့ ဝင်ရောက်စွက်ဖက်မှုဟာရှေ့လျှောက်အကန့်အသတ်တွေအများကြီးရှိနိုင်တယ်ဆိုတာကို အရိပ်လက္ခဏာပြနေပါတယ်”ဟု စင်ကာပူနိုင်ငံ Standard Charteredမှ


အာဆီယံနှင့်တောင်အာရှနိုင်ငံခြားသုံးငွေဆိုင်ရာ သုတေသနဌာန အကြီးအကဲ Divya Devesh က ပြောကြားသည်။”ယေဘုယျအားဖြင့်၊ ဗဟိုဘဏ်များရဲ့ နိုင်ငံခြားသုံးငွေမူဝါဒက


ကျောထောက်နောက်ခံပြုပေးနိုင်တာလျော့နည်းလာလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။Bloomberg ၏ အချက်အလက်များအရ ထိုင်းနိုင်ငံသည် ပြည်တွင်းအသားတင်ထုတ်ကုန်၏ရာခိုင်နှုန်းအရ


အရန်ရန်ပုံငွေလျော့နည်းသွားခြင်းအကြီးမားဆုံးဖြစ်ကြောင်းတွေ့ရသည်။ ထိုင်းနိုင်ငံနောက်တွင်မလေးရှားနှင့်အိန္ဒိယတို့ ရှိနေကြသည်။


Standard Chartered ၏အချက်အလက်များအရအရန်ရန်ပုံငွေသည် သွင်းကုန်များအတွက်အိန္ဒိယတွင် ၉ လစာ၊အင်ဒိုနီးရှားတွင် ၆ လစာ၊ ဖိလစ်ပိုင်တွင် ၈လဝန်းကျင်၊တောင်ကိုရီးယားတွင် ၇လစာကျန်ရှိသည်။


အရန်ရန်ပုံငွေဖြင့် ဈေးကွက်ထဲဝင်ရောက်စွက်ဖက်ရာတွင် ထိုင်းနှင့်အန္ဒိယတို့သည်အပြင်းထန်ဆုံးဖြစ်ခဲ့သည်။ယခုနှစ်အတွင်း အရန်နိုင်ငံခြားငွေလက်ကျန်လျော့ကျသည့်ပမာဏသည်


ထိုင်းနိုင်ငံတွင် ဒေါ်လာ ၈၁ ဘီလီယံ လျော့ကျခဲ့သည်။အန္ဒိယတွင်ကန်ဒေါ်လာ ၃၂ ဘီလီယံ လျော့ကျသွားခဲ့ပါသည်။ တောင်ကိုရီးယားတွင် ကန်ဒေါ်လာ ၂၇ ဘီလီယံ လျော့ကျပါသည်။


အင်ဒိုနီးရှားတွင် ကန်ဒေါ်လာ ၁၃ ဘီလီယံ၊ မလေးရှားတွင်ကန်ဒေါ်လာ ၉ ဘီလီယံလျော့ကျပါသည်။လျော့ကျရသည့် အကြောင်းတစ်ချက်မှာ ကန်ဒေါ်လာ အားကောင်းလာသည့်အခါ အရန်ရန်ပုံငွေအဖြစ်ထားရှိသည့်


ယူရို၊ယန်း အစရှိသဖြင့်အခြားနိုင်ငံခြားငွေအသီးသီးတို့သည်လည်းကန်ဒေါ်လာနှင့်ငွေလဲနှုန်းတွင် တန်ဖိုးလျော့ကျခဲ့ကြပါသည်။သို့ဖြစ်ရာ စုစုပေါင်းပမာဏ အလိုလိုလျော့နည်းသွားရပါသည်။


တရုတ်ယွမ်လည်းကျဆင်းသည်။ ကိုရီးယားဝမ်လည်း၂၀၀၉ နောက်ပိုင်းအားအပျော့ဆုံး ဖြစ်နေသည်။အိန္ဒိယရူပီ နှင့် ဖိလစ်ပိုင် ပီဆိုတို့သည်လည်း လတ်တလောတွင်အနိမ့်ဆုံးစံချိန်သစ်သို့ရောက်ရှိနေကြသည်။


ယခုအခါ အာရှငွေကြေးများ ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် စံချိန်တင်ကျဆင်းနေကြသည်။ထွန်းသစ်စအာရှတစ်ဝှမ်းရှိဗဟိုဘဏ်များသည် ကန်ဒေါ်လာတန်ဖိုးမြင့်တက်လာနေခြင်းမှ


၎င်းတို့၏ငွေကြေးများကို ကာကွယ်ရန် အရန်ငွေများကိုမှီခိုအားထားနေကြရသည်။ သို့ဖြစ်ရာ ဈေးကွက်ထဲဝင်ရောက်စွက်ဖက်ခြင်း နှေးနေပါက နိုင်ငံသုံးငွေတန်ဖိုး ဆုံးရှုံးမှုပိုကြီးမားသွားစေလိမ့်မည်။


ဗဟိုဘဏ်၏ ဆောင်ရွက်ချက်များမှာလည်း အပြောင်းအလဲဖြစ်ပေါ်လာနိုင်သည်။ကန်ဒေါ်လာထုတ်ရောင်းခြင်းအစားဝယ်ယူခြင်းသို့ ပြောင်းသွားနိုင်သည်။


ဆိုလိုသည်မှာ သွင်းကုန် ကုန်ဈေးနှုန်းတက်ခြင်းကိုထိန်းရန် ကန်ဒေါ်လာများထုတ်ရောင်းပေးခြင်းအစား ပို့ကုန်များကိုယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ပေးပြီး ကန်ဒေါ်လာ ရအောင်လုပ်ကိုင်ကြမည်ဖြစ်သည်။


>