ပရိသတ်ဆိုတာ ကျနော့အတွက် “နွေးထွေးမှုပေးတဲ့ အိမ်လေးတစ်လုံး ပါပဲ” ဆိုတဲ့ အောင်မင်းခန့်


ပရိသတ်ဆိုတာ ကျနော့အတွက် “နွေးထွေးမှုပေးတဲ့ အိမ်လေးတစ်လုံး ပါပဲ” ဆိုတဲ့ အောင်မင်းခန့်

အောင်မင်းခန့်ကတော့ ပရိသတ်အချစ်တော် မင်းသားချောလေးတစ်လက်ပဲ ဖြစ်ပြီး ထာဝရမန္တလေးဇာတ်လမ်းတွဲကနေပရိသတ်စတင်သတိထားမိလာခဲ့တာဖြစ်ပါတယ်။




သူကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲများဖြင့် အောင်မြင်ကျော်ကြားလာခဲ့ပြီး ယခုအချိန်တွင် ရုပ်ရှင်ဇာတ်ကားကြီးများကိုပါ ရိုက်ကူးအောင်မြင်နေတဲ့သူတစ်ယောက်ပါ။




” မနေ့ကဖြစ်သည် ၂” ၊ဝိဉာဉ်ရှိုက်သံ ၊ ရတနာထဲကရတနာ၊ဝင်္ကပါစံအိမ်၊ “ပ ဉ္စလက်ရွာ “စတဲ့ ဇာတ်လမ်းတွဲ တွေ အများကြီးမှာ ပါဝင်ထားပြီး “ပ ဉ္စလက်ရွာ “ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့တာပဲ ဖြစ်ပါတယ်။




အောင်မင်းခန့်က လက်ရှိမှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် အကောင်းဆုံးကြိုးစားနေတာကို မြင်တွေ့ရမှာပါ။စမတ်ကျပြီး အထာကျတဲ့ ပုံစံလေးတွေကြောင့်ကောင်မလေးတွေကြား မှာရေပန်းစားနေတဲ့ သူတစ်ယောက်ဖြစ်တဲ့ အပြင်အားလုံးရဲ့ စိတ်ဝင်စားမှုကို ခံရတဲ့ မော်ဒယ်မင်းသားချောလေးဖြစ်ပါတယ်




လက်ရှိမှာလည်း”ကျနော် ပရိသတ်က အိမ်လေးတလုံးလိုပဲနွေးထွေးမှုပေးတယ်ဂရုစိုက်ပေးတယ် အားပေးတယ်တူတူလဲ ပျော်ရွှင်ပေးတယ် ဟုတ်လား”ဆိုတဲ့စာလေးနဲ့သူ့ရဲ့ချစ်ရတဲ့ပရိသတ်တွေကိုမေးခွန်းထုတ်လာခဲ့တာပါ။




အမြဲပျော်ပျော်နေတတ်ကာ ပွင့်လင်းရိုးသားတဲ့အောင်မင်းခန့်ကတော့ပရိသတ်ရဲ့ဖြစ်တည်မှုဟာ သူရဲ့မိသားစုလိုပါပဲလို့ဖွင့်ဟခဲ့တာပါ။ ပရိသတ်တွေထဲမှာရော အောင်မင်းခန့်ရဲ့ပရိသတ်တွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။


Source Aung Min Khant